နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချမ်းအေးသာစံမြို့နယ် (၅၃) လမ်းတွင် ဓာတ်တိုင်ကားတိုက်၊ ဓာတ်အားပြတ်တောက်

မန္တလေး၊  ဇူလိုင် ၁၀


မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ (၅၃)လမ်း၊ (၂၉)လမ်းနှင့် လမ်း(၃၀)ကြားတွင် ဇူလိုင် ၉ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က မော်တော်ယာဉ် အရှိန်လွန်ပြီး လမ်းဘေးရှိ 33KV ဓာတ်အားလိုင်းဓာတ်တိုင်အား ဝင်ရောက်တိုက်မိရာ ချမ်းအေးသာစံမြို့နယ်မှ 11KV မာန်အောင်ဖီဒါ၊ မဟာအောင်မြေမြို့နယ်မှ 33KV မြောက်ပြင်-၇၆ ဖီဒါနှင့် 11KV အောင်ပင်လယ်-၃၅ ဖီဒါများသို့ ဆက်သွယ် ပေးထားသော ဓာတ်အားလိုင်းများ ပြတ်တောက်လျက်ရှိပြီး ဓာတ်အားအမြန်ပြန်လည်ရရှိရေး မန္တလေးခရိုင် လျှပ်စစ်မန်နေဂျာ၏ ကြီးကြပ်မှုဖြင့် ချမ်းအေးသာစံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ လုပ်သားများက ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိစဉ်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ