နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်တော်ယာဉ်ဝယ်ယူခြင်းအတွက် အချက်အလက်များကွဲလွဲမှုရှိပါက သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ရန်

ရန်ကုန်  ဇူလိုင်  ၁၀


မော်တော်ယာဉ်ဝယ်ယူခြင်းအတွက်   အခွန်ကိစ္စ စိစစ်ဆောင်ရွက်ပြီးစီးကြောင်းထုတ်ပေးသည့် ထောက်ခံ ချက်တွင် အချက်အလက်များကွဲလွဲမှုရှိပါက သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးသို့ အမြန်ဆုံး ဆက်သွယ် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်တွင်အခွန်များဦးစီးဋ္ဌာန၏ ဇူလိုင် ၉ ရက်ထုတ်ပြန်သတင်းများအရ သိရသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အများပြည်သူမှမော်တော်ယာဉ်ဝယ်ယူခြင်းများအတွက် အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးစီးကြောင်း ထောက်ခံချက်ပုံစံများအားသတ်မှတ်စည်းကမ်း၊ စည်းမျဉ်းများနှင့်အညီ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် မော်တော် ယာဉ်ဝယ်ယူမှုအတွက် အခွန်ကိစ္စများ စိစစ်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ထောက်ခံချက်ပုံစံအားတုပပြုလုပ် ခြင်းမှ ကာကွယ်တားဆီးနိုင်ရေးနှင့် နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်အခငွေများ ဆုံးရှုံးမှုမရှိစေရေးအတွက် လည်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ပြည်တွင်းအခွန်ဦးစီးဋ္ဌာနအနေဖြင့် မော်တော်ယာဉ်ဆိုင်ရာ အခွန် စည်းကြပ်မှုများကို စနစ်တကျမှတ်တမ်းတင်စစ်ဆေးနိုင်ရေးအတွက် အခွန်ဆိုင်ရာကိစ္စရပ်များ စိစစ်ဆောင်ရွက် ပြီးစီးပါက အခွန်ထမ်းသို့ထုတ်ပေးသည့် အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးစီးကြောင်း ထောက်ခံချက်ပုံစံအပေါ်တွင် မော်တော်ယာဉ်ဝယ်ယူသူ၏ သတင်းအချက်အလက်များနှင့် မော်တော်ယာဉ်ဆိုင်ရာ သတင်းအချက်အလက် များကို QR Scanner Application ဖြင့်စိစစ်ဆောင်ရွက်နိုင်မည့် လုံခြုံမှုအဆင့်အတန်းပါဝင်သော IRO Documentation Stamp Label ကပ်နှိပ်၍ ဆောင်ရွက်ပေးခဲ့သည်။အဆိုပါ ဆောင်ရွက်ပေးမှုများကို ၂၀၂၀ ပြည့်နှစ် ဇွန် ၁ ရက်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


ထို့ကြောင့် အခွန်ထမ်းပြည်သူများအနေဖြင့် ပြည်တွင်အခွန်ဦးစီးဌာနမှထုတ်ပေးသည့် အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးစီးကြောင်း ထောက်ခံချက်ပုံစံအပေါ်တွင် ကပ်နှိပ်ထားသည့် QR Code Stamp Label အား တယ်လီဖုန်းတွင်ပါရှိသော QR Scanner ဖြင့် ဖတ်ရှုခြင်းအားဖြင့် မိမိအခွန်ဝန်ဆောင်မှုအတွက် ထုတ်ပေးသော ထောက်ခံချက်များကို မှန်ကန်မှုရှိ/မရှိ စစ်ဆေးရှုနိုင်မည်ဖြစ်သည်။ ထိုသို့စစ် ဆေးဆောင်ရွက်ရာတွင် အချက် အလက်များကွဲလွဲမှုရှိပါက သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ပေးနိုင်ရန်နှင့် တစ်ဦးတစ်ယောက်၏ အလွဲသုံးစားမှုကြောင့် အချက်အလက်များ မှားယွင်းမှုဖြစ်ပေါ်ပါက မည်သူကိုမဆို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင်၂၀၁၆ ခုနှစ် မတ်လတွင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဋ္ဌာနတွင် တရားဝင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်အစီးရေ ၅ ဒသမ ၅ သန်းရှိနေရာမှာ ၂၀၁၉ခု နှစ် ဒီဇင်ဘာလတွင် မော်တော်ယာဉ်အစီးရေ ၇ ဒသမ ၃ သန်းအထိ တိုးတက်များပြားလာခဲ့ကြောင်းသိရသည်။               


ကိုသာစစ်






အခြားဆက်စပ်သတင်းများ