နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေစပါး အထွက်တိုး၍ စိုက်ပျိုးတောင်သူများ အဆင်ပြေ

မန္တလေး  ဇူလိုင်  ၁၀


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ နွေစပါးအထွက်တိုးကာ စပါးဈေးကောင်းရရှိသည့်အတွက် စိုက်ပျိုး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ယခုနှစ်နွေစပါးစိုက်ပျိုးရာတွင် သက်တမ်းတို ရွှေသွယ်ရင် စပါးကို အဓိကထားစိုက်ပျိုးပြီး တစ်ဧကလျှင် တင်း ၁ဝဝ မှ ၁၂ဝ အထိ ထွက်ရှိသည်။ ရွှေသွယ်ရင် စပါးတင်း ၁ဝဝ လျှင် ငွေကျပ် ၆၄ဝ,ဝဝဝ နှုန်းဖြင့် လာရောက် ဝယ်ယူမှု များပြားလျက်ရှိသည်။


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဆည်တော်ကြီးဆည်ရေမှပေးလွှတ်သောရေဖြင့် နွေစပါးဧက ၇၄၈ဝ နှင့် နှမ်းဧက ၄၈ဝဝ ကို လျာထားစိုက်ပျိုးခဲ့သည်။ အမရပူရမြို့နယ်၌ နွေစပါးများကို စက်စွမ်းအားအသုံးပြုကာ ရိတ်သိမ်းလျက်ရှိပြီး ရွှေသွယ်ရင် စပါးအဖွင့်ဈေး ငွေကျပ် ၆၁ဝ,ဝဝဝ ဖြင့် စတင်ခဲ့ရာ ငွေကျပ် ၆၄ဝ,ဝဝဝ အထိ ဈေးတိုးမြှင့်ပေးကာ ဝယ်ယူလျက်ရှိသည်။ 

လက်ရှိအချိန်တွင် အမရပူရမြို့နယ်၌ စပါးအထွက်တိုးကာ ဈေးကောင်းသည့်အတွက် စပါးစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။                                                                       

(သူရိန်)






အခြားဆက်စပ်သတင်းများ