နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဓာတ်ငွေ့စျေးနှုန်းများ ကျဆင်းခြင်းကြောင့် မြန်မာနိုင်ငံ၏ပို့ကုန်ကဏ္ဍတွင် ထိခိုက်မှုများဖြစ်ပေါ်မည်

ရန်ကုန်    ဇူလိုင်    ၁၀


သဘာဝဓာတ်ငွေ့စျေးနှုန်များကျဆင်းခြင်းကြောင့် မြန်မာနိုင်ငံ၏ပို့ကုန်ကဏ္ဍတွင် ထိခိုက်မှုများ ဖြစ်ပေါ်မည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အစီရင်ခံစာတစ်စောင်အတွင်း၌ ဖော်ပြသည်။


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ သမိုင်းတလျှောက်စံချိန်တင် ကျဆင်းမှုဖြစ်ပေါ်ခဲ့ပြီးနောက်တွင် သဘာဝဓာတ်ငွေ့စျေးနှုန်းများပါ လိုက်ပါကျဆင်းခဲ့ခြင်းဖြစ်သည်။ သဘာဝ ဓာတ်ငွေ့တင်ပို့မှုသည် မြန်မာ့ပို့ကုန်ကဏ္ဍအတွက် အရေးကြီးသည့်အနေအထားတွင်ရှိနေကာ ၂ဝ၁၈-၂ဝ၁၉  ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုတန်ဖိုးသည် မြန်မာ့ပို့ကုန်ကဏ္ဍ၏ တင်ပို့မှုစုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၄ဝ အထိရှိခဲ့သည်။ 


ထို့အပြင် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း ၌ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရရှိခဲ့သောဝင်ငွေသည် အစိုးရရရှိခဲ့သော ဝင်ငွေစုစုပေါင်း၏ ရာခိုင်နှုန်း ၂ဝ အထိရှိခဲ့သည်။ သဘာဝဓာတ်ငွေ့စျေနှုန်းများကျဆင်း ခြင်းသည် အစိုးရဝင်ငွေကိုပါ ထိခိုက်စေမည်ဖြစ်သောကြောင့် စီးပွားရေးကဏ္ဍအပေါ် အကျိုး သက်ရောက်မှုများဖြစ်ပေါ်လာနိုင်သည်ဟုလည်း စီးပွားရေးပညာရှင်များက ခန့်မှန်းလျက်ရှိသည်။ 

ပြည်တွင်းမှထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ ပိုက်လိုင်းများဖြင့် ချိတ်ဆက်ပေးပို့ကာ ရောင်းချနေခြင်းဖြစ်သည်။


ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ