နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(၄)မြို့နယ်အတွင်းမှ ဆိုင်ကယ်(၃၅)စီး ခိုးမှုကျူးလွန်သူ (၂)ဦးဖမ်းဆီးရမိ

ရန်ကုန် ဇူလိုင် ၁၀


    ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ခိုးမှုများကျူးလွန်ပြီး ငွေကြေးသုံးစွဲမှုများပြားနေကြောင်း ကြိုတင်သတင်းရရှိထားသူ ကောင်းမြတ်လွင်(ခ)ငြိမ်းကို(ခ)ဗေကြီး အမှတ်(၄၉၉)၊ ပတ္တမြားလမ်းသွယ်(၁)၊ (၁၅၆)ရပ်ကွက်နေသူအား မသင်္ကာ၍ ၎င်း၏နေအိမ်မှ ခေါ်ယူ စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ တစ်အိမ်တည်းအတူနေ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်း(ပ)၁၂၃၈/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ ကျင့် ၅၄ အမှုမှ တရားခံ သီဟစိုး(ခ)ဝတုတ် နှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့အတွင်း လှည့်လည်သွားလာ၍ လမ်းဘေး၌ရပ်ထားသော ဆိုင်ကယ် အမျိုးမျိုး(၃၅)စီး၊ စုစုပေါင်းတန်ဖိုးငွေ(၂၃,၇၀၀,၀၀၀)ကျပ်ကို ခိုးယူခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။


 စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှသက်သေခံပစ္စည်း ဆိုင်ကယ်(၃၅)စီးကို ပြန်လည်သိမ်းဆည်း ရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ ကောင်းမြတ်လွင်(ခ)ငြိမ်းကို(ခ)ဗေကြီးနှင့် သီဟစိုး(ခ)ဝတုတ် တို့(၂)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ