နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာစည်မြို့နယ်တွင် ငွေကျပ် ၁,၁၉၈.၀၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများနှင့် ဒလမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

သာစည် ဇူလိုင်  ၉


 ဇူလိုင် ၈ ရက်၊ နံနက် ၈ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မြင့်ဝင်း မောင်းနှင်ပြီး သားဦး လိုက်ပါလာသည့် HIJET အမျိုးအစားမော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ ၎င်းမော်တော်ယာဉ်အတွင်းမှ ဘိန်းစိမ်း ၇၉ ဒသမ ၈၇ ကီလို၊ မြန်မာငွေ ၁၀၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် မြင့်ဝင်း(၃၃)နှစ်၊ သားဦး(၄၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်း  သိရသည်။


အလားတူ ဇူလိုင် ၈ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ပိတောက်လမ်း၊ အိမ်အမှတ်(၁၁၄၉)နေ အေးချမ်းကိုကို(ခ)အေးကို၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဇနီးဖြစ်သူ မခင်မာသန်း အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၆၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် အေးချမ်းကိုကို(ခ)အေးကို(၂၆)နှစ်၊ မခင်မာသန်း(၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ