နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောင်ချိုမြို့နယ်တွင် ငွေကျပ် ၂၃,၅၈၄ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကျိုက်ထိုမြို့နယ်တွင် ငွေကျပ်သိန်း ၁၄,၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နောင်ချို ဇူလိုင်  ၉


  ဇူလိုင် ၈ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် နောင်ချိုမြို့နယ်၊ နောင်ချို-ရပ်စောက်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၁၁၈/၀)အနီးတွင် စိုင်းစံမြင့်(ခ)မာန်အောင် မောင်းနှင်ပြီး အောင်သောင်း လိုက်ပါလာသည့် DONG FENG အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ ၎င်းမော်တော်ယာဉ်အတွင်းမှ ဘိန်းဖြူ  ၂၆.၁၈ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၈၀၀,၀၀၀ ပြား၊ မြန်မာငွေကျပ် ၁၀ သိန်းနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းစံမြင့်(ခ)မာန်အောင်(၃၂)နှစ်၊ အောင်သောင်း(၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။


အလားတူ ဇူလိုင် ၈ ရက်နေ့ ၁၈၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းတွင် ဇေယျာချစ် မောင်းနှင်ပြီး ဘရန်(ခ)ချစ်ကိုကို လိုက်ပါလာသည့် Harrier အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ၎င်းမော်တော်ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၆,၀၀၀ ပြား၊ မြန်မာငွေ ၈၇,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ဇေယျာချစ်(၃၈)နှစ်၊ ဘရန်(ခ)ချစ်ကိုကို(၃၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ