နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁,၆၅၂.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

တာချီလိတ် ဇူလိုင်  ၉


   ဇူလိုင် ၈ ရက်၊ မွန်းလွဲ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ တာလေမြို့၊ တာချီလိတ်-ကျိုင်းတုံသွားကားလမ်းတွင် ရှားဟီ(၄၅)နှစ် မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ရှေ့ခွကြားရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား၊ ဘိန်းစိမ်း ၃ ဒသမ ၅ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။ 

သတင်းဆက်အရ ဆက်လက်၍ နေ့လယ် ၃ နာရီအချိန်တွင် ၎င်းနေထိုင်သည့် တာလေမြို့၊ နားယောင်း ကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာရှိ နေအိမ်ကိုရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀,၀၀၀ ပြားအား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ရှားဟီအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်း  သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ