နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇူလိုင် ၉


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ ဇူလိုင် ၈ ရက်၊ နံနက် ၄ နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၁၀၄)ရပ်ကွက်၊ ဂရုဏာလမ်းမပေါ်၌ ကျော်ဇေယျထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦး ချွန်ဓားတစ်ချောင်းနှင့် မွန်းလွဲ ၁ နာရီအချိန်တွင် (၂၂)ရပ်ကွက်၊ ပဒုမ္မာလမ်းမပေါ်၌ ဇော်နိုင်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ 


ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် (၅)ရပ်ကွက်၊ တော်ဝင်လမ်းမပေါ်၌ ထွန်းထွန်းနိုင်ထံမှ အရိုးအသွား(၁၄)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မွန်းလွဲ ၂ နာရီ ၅ မိနစ် အချိန်တွင် ကစင်ကျေးရွာ၊ ပိတောက်လမ်းမပေါ်၌ ခင်မောင်စိုးထံမှ အရိုးအသွား(၄၂)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီခွဲအချိန်တွင် (၆၈)ရပ်ကွက်၊ အောင်သုခ(၄)လမ်းမပေါ်၌ ကိုကိုအောင်ထံမှ အရိုးအသွား(၂၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားရှည်တစ်ချောင်းကိုလည်းကောင်း၊


ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် (၂၈)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမပေါ်၌ ဆန်းဦးထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊  မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ပုဂံလမ်းမပေါ်၌ အောင်လွင်ဦးထံမှ အရိုးအသွား(၂၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားရှည်တစ်ချောင်းကို လည်းကောင်းသိမ်းဆည်းရရှိ၍  သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ