နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၄,၄၇၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကျောက်ဆည် ဇူလိုင် ၈


 ဇူလိုင် ၇ ရက်၊ မွန်းလွဲ ၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ကျောက်ဆည်မြို့နယ်၊ ရဲရွာကျေးရွာ၊ ပြင်စာ-ကျောက်ဆည်သွားခရိုင်ချင်းဆက်လမ်း၊ ဒုဌဝတီမြစ်ကူးတံတားအနီး၊ ချုံအတွင်းတွင် မသင်္ကာဖွယ်အထုပ်များတွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂,၅၀၀ ပြား၊ အိုက်စ် ၁ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ပိုင်ရှင်(စိစစ်ဆဲ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။


အလားတူ ဇူလိုင် ၆ ရက်၊ ည ၇ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် တမူးမြို့နယ်၊ ခါမ်းပါတ်မြို့၊ ကမ္မကြီးကျေးရွာအနီး၊ တမူး-ကလေးသွားကားလမ်းတွင် မောင်မောင်သိုက် မောင်းနှင်ပြီး မင်းမင်းထွန်းနှင့် မဇင်မီမီမျိုးတို့လိုက်ပါလာသည့် ISUZU အမျိုးအစား မော်တော်ယာဉ်အားရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် မောင်မောင်သိုက်(၅၂)နှစ်၊ မင်းမင်းထွန်း(၂၃)နှစ်၊ မဇင်မီမီမျိုး(၂၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး








အခြားဆက်စပ်သတင်းများ