နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွင်းလယ်ဖန်တီးရှင် ဂျာမန်လက်ရွေးစင် အားကစားသမား သောမတ်စ်မူလာ

ဇူလိုင် ၈


ဘောလုံးအသင်းတစ်သင်းရဲ့ စည်းလုံးမှု၊ အပေးအယူမျှတမှု၊ ဂိုးဖန်တီးမှု၊ ဂိုးမပေးရရေးကာကွယ်မှု စတဲ့ကဏ္ဍတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ လှုပ်ရှားကစားရတာကတော့ ကွင်းလယ်ဖန်တီးရှင်တွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ စကေးတွေ၊ စွမ်းဆောင်ရည်တွေက အသင်းရဲ့ ရှေ့တန်းရော၊ နောက်တန်းအသင်းသားတွေကိုပါ များစွာ အထောက်အကူဖြစ်စေ ပါတယ်။ အသင်းသားအားလုံးအတွက်လည်း အားတက်စရာတွေ၊ အခြေအနေကောင်း တွေ၊ အခွင့်အရေးကောင်းတွေကို အမြဲဖန်တီးပေးလေ့ရှိပါတယ်။ 

ဒီလိုစွမ်းဆောင်ရည်ကောင်းတွေပြည့်ဝနေသူတွေထဲက ဂျာမန်ဘွန်ဒက်စ်လီဂါရဲ့ ဘိုင်ယန်မြူးနစ်အသင်းက ကွင်းလယ်ဖန်တီးရှင်လေး သောမတ်စ်မူလာကို မြင်တွေ့ခဲ့ပါတယ်။ မူလာဟာ အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါ ဖလား ၇ လုံးထိ ရယူခဲ့ပါတယ်။ ဘိုင်ယန်အသင်းက ယခုကစားနေတဲ့ လိဂ်ပွဲစဉ် ပွဲ ၂၀  မှာ  ၁၉  ပွဲထိ အနိုင် ရရှိမှု နဲ့အတူ မူလာက ဂိုးရအောင် ဖန်တီးပေးမှု  ၂၁ ကြိမ်ထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မူလာက အမြဲ လှုပ်လှုပ်ရှားရှား ကစားပြီး ဘောလုံးစွမ်းရည်နဲ့ ပါးနပ်မှုတွေ၊ မှန်းဆတွက်ချက်မှုတွေကောင်းတာကြောင့် တဖက်အသင်းကို အလုပ်ရှုပ်စေပြီး အခွင့် အရေးရရင် ကိုယ်တိုင်ဂိုးသွင်းနိုင်သူပါ။ ဘိုင်ယန်အသင်းနဲ့ ပွဲစဉ်  ၅၃၀  ကစားပေးခဲ့ပြီး ၁၉၂ ဂိုးသွင်းကာ ၁၉၇ ကြိမ်ထိ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တယ်။ ၂၀၁၀ ပြည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဘောလုံးဆု၊ ၂၀၁၄ ခုနှစ်မှာ ပေါ်တူကီဘက်ကို ဟက်ထရစ်သွင်းပြီး ငွေဘောလုံးဆုချီးမြှင့်ခံခဲ့ရပါတယ်။ မူလာဟာနိုင်ငံလက်ရွေးစင်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာပါ စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့်ပေးဆပ် ကစားဖို့ အမြဲအဆင်သင့်ရှိနေသူပင်ဖြစ်ပါတယ်။

(So)






အခြားဆက်စပ်သတင်းများ