နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Android GO မော်ဒယ် entry-level ဖုန်းသစ်

ဇူလိုင် ၈


Rugged Smartphone များဖြင့် နာမည်ကြီးသည့် Oukitel သည် တန်ဖိုးနည်း Android GO ဖုန်း မော်ဒယ်သစ် ဖြစ်သည့်Oukitel C19 ကို မိတ်ဆက်လိုက်သည်။
Entry-level ဖုန်းဆိုသော်လည်း Oukitel C19 တွင် စိတ်ဝင်စားဖွယ်ကောင်းသည့် features များ ပါဝင် နေသည်။ ဈေးနှုန်းအနေဖြင့် ဒေါ်လာ ၈၀ ဈေးမှ ဒေါ်လာ ၆၀ (မြန်မာငွေ ၈ သောင်းကျော်) ဈေးဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။


Android GO သည် RAM/storage အနိမ့်ဖုန်းများအတွက် လိုင်းဆွဲအားကောင်းပြီး သိုလှောင်မှု အနည်းငယ်သာယူရန် အထူးထုတ်ထားသည်။ Google ကထုတ်သည့် app တိုင်းကို Google GO ၊ Gmail GO၊ YouTube GO စသည်ဖြင့် GO ဗားရှင်းဖြင့် ဒေတာအနည်းငယ်မျှသာ အသုံးပြုပြီး မြန်ဆန်ပေါ့ပါးစွာ အသုံးပြုနိုင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်။


Oukitel C19 သည် Modern Smartphone များ၏ ဒီဇိုင်း အသုံးပြုထားသည်။ ရှေ့ဘက်တွင်waterdrop notch ပါပြီး ကျောဘက်တွင် စက်ဝိုင်းပုံကင်မရာ setup ဖြင့် ထွက်ရှိလာမည်ဖြစ်သည်။


Entry-level ဖုန်းတစ်လုံးတွင် ကျောဘက်စက်ဝိုင်းပုံကင်မရာကွက်ထဲ၌ Triple Lens ကင်မရာစနစ် အသုံးပြုထားသည်။ Oukitel C19 သည် Flash Light နှင့်အတူ Sony IMX214 13MP + 2MP + 2MP ကင်မရာသုံးလုံးသုံးထားပြီး ပတ်ပတ်လည်မြင်ကွင်းကို ပုံရိပ်ဖမ်းယူမှုအတွက် built-in AI Recognition နည်းပညာလည်း ထည့်သွင်းပေးထားသည်။


Oukitel C19 သည်MediaTek MT6737 processor အသုံးပြုထားပြီး entry-level ဖုန်းတစ်လုံးအတွက် RAM 2GB /16GB storage အသုံးပြုထားသည်။ အရောင်အားဖြင့် အနက်ရောင်၊ အစိမ်း၊ ခရမ်းနှင့် အပြာရောင် ကာလာ ၄ ရောင် ဖြင့် ထွက်ထားပြီး ဇူလိုင် ၁၃ ရက်တွင် တစ်ကမ္ဘာလုံးသို့ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။


(WP)






အခြားဆက်စပ်သတင်းများ