ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပင်လုံလမ်းနှင့် ဘုရင့်နောင်လမ်းဆုံ၊ ကျောင်းလမ်းမှတ်တိုင်အနီးတွင် မတ် ၄ ရက် နံနက် ၉ နာရီက မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် ယမ်းအာမခံတို့ ပူးပေါင်း၍ CORONA Virus ရောဂါ ကူးစက်ပြန့်ပွားမှု တိုင်းလုံးကျွတ် ကာကွယ်ရေး စီမံချက်လှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုဆောင်ရွက်မှုတွင် "မြို့နယ်သတင်းစာဆရာ အသင်းမှ အတွင်းရေးမှူး ဦးဟန်သိန်းက ပြည်သူများ CORONA Virus ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန် မြို့နယ်သတင်းစာ ဆရာအသင်းမှ တစ်တပ်တစ်အားပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ယခု လှုပ်ရှားဆောင်ရွက်မှုတွင် ပါးစပ်၊ နှာခေါင်းစည်း ၁၀၀၀ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း" သိရသည်။ မြင့်ရီ(ပြန်/ဆက်)