နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းများပေါ်တွင် ခါးပိုက် နှိုက်မှုကျူးလွန်သူ (၂)ဦးကို ဖမ်းဆီးရမိ

ရန်ကုန် ဇူလိုင် ၈


  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၅ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်တွင် ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းများနှင့် YBS ကားမှတ်တိုင်များ တွင် ခါးပိုက်နှိုက်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီး၊ တံတားဖြူကားမှတ်တိုင်၌ YBS-60 ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်သတင်းရှိသူ တင်ချို(ခ)စပရိန် နှင့် သန့်ဇင်(ခ)ဂူကြီး တို့(၂)ဦးကို တွေ့ရှိစစ်ဆေးရာ ၎င်းတို့လွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ ငွေ(၆၀၀၀၀)ကျပ်မှာ အဆိုပါယာဉ်ပေါ်ပါ အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ် အတွင်းမှ လူကာ၍ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့ပါသည်။


 ဖမ်းဆီးရမိသူ တင်ချို(ခ)စပရိန် နှင့် သန့်ဇင်(ခ)ဂူကြီး တို့(၂)ဦးကို အခြားပြစ်မှုများကျူးလွန်ခဲ့ခြင်း ရှိ/မရှိ အသေးစိတ်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းများပေါ်တွင် လိုက်ပါစီးနင်း၍ ခရီးသွား ပြည်သူများထံမှ လက်ကိုင်ဖုန်းအမျိုးမျိုး(၉)လုံးကို နှိုက်ယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ပါသည်။


 စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း လက်ကိုင်ဖုန်း(၉)လုံးကို ပြန်လည်သိမ်းဆည်း ရရှိပြီးဖြစ်၍ ခါးပိုက်နှိုက်မှုကျူးလွန်သူ တင်ချို(ခ)စပရိန်နှင့် သန့်ဇင်(ခ)ဂူကြီး တို့(၂)ဦးကို ဥပဒေနှင့်အညီ အမြန် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ