နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖုန်းမှန်ကွဲနေပါက ဆက်လက်အသုံးပြုရန်မသင့်

ဇူလိုင် ၇


စမတ်ဖုန်း ကိုင်ဆောင်ကြသူများတွင် ဖုန်းမှန်သားပြင်ကွဲသွားခြင်းမျိုးဖြစ်နေပါက အဆိုပါဖုန်းကို ဆက်လက်အသုံးပြုရန် မသင့်ပေ။ စမတ်ဖုန်းတစ်လုံး၏တန်ဖိုးသည် မနည်းသည့်အတွက် အသစ်တစ်လုံးဖြင့် ချက်ချင်းလဲရန် မလွယ်ကူသော်လည်း အဆိုပါမှန်ကွဲနေသည့်ဖုန်းကို ဆက်လက်အသုံးပြုပါက ဆိုးကျိုးသက်ရောက်မှုများရှိစေနိုင်သည်။


အက်ရာရှိနေသည့် ဖန်သားပြင်သည် ပြန်မကောင်းလာနိုင်သည့်အပြင် ပိုဆိုးလာနိုင်သည်။ ထိုသို့ အက်ကွဲနေသည့် ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုရန် မသင့်ပေ။ ဖန်သားစများသည် အရေပြားနှင့်ပွတ်ရှ မိနိုင်ရုံသာမက ဖုန်းလည်း ပိုမို ပျက်စီးလာနိုင်သည်။  ဖုန်းအပေါ်ယံမျက်နှာပြင်ကို ဖုံးအုပ်ပေးသည့် ဖန်သားကွဲနေခြင်းကြောင့် ဖန်သားပျက်စီးပါက ဖုန်းအထဲက လုပ်ဆောင်ပေးနေသည့် app များပါ ပျက်စီးနိုင်သည်။ 


ထို့ပြင် ဖုန်းထဲသို့ ပြင်ပအညစ်အကြေးများဝင်ရောက်နိုင်ကာ ဖုန်းကို ပျက်စီးစေနိုင်ရုံသာမက ကျန်းမာရေးပိုင်းဆိုင်ရာ ကိုပါ ထိခိုက်မှုများဖြစ်ပေါ်လာစေနိုင်သည်။ ဖုန်းထဲက ရေဒီယိုသတ္တိကြွလှိုင်းများက လူကိုကူးစက်နိုင်ခြင်း၊ ဖုန်းထဲက ရေဒီယိုလှိုင်းများကြောင့် စကားပြောနိုင်သည့်အတွက် ဖုန်းမှန်ကွဲခြင်းသည် အဆိုပါရေဒီယိုလှိုင်းများကို အပြင်သို့ ပိုမိုပျံ့လွင့်စေသည့်အတွက်ကြောင့် နားကိုထိခိုက်စေနိုင်ခြင်းများ ဖြစ်စေနိုင်သည်။ မှန်ကွဲနေသည့် ဖုန်းဖြင့် ဂိမ်းဆော့ကစားပါကလည်း မျက်စိကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သည်။ ဖော်ပြပါအချက်များကြောင့် မှန်ကွဲနေသည့်ဖုန်းများကို သုံးစွဲရန်မသင့်ပေ။







အခြားဆက်စပ်သတင်းများ