နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှင်ဗွေယန်မြို့နယ်၌ ယာဉ်တစ်စီး တံတားပေါ်ဖြတ်သန်းမောင်းနှင်စဉ် တံတားကျိုးကျ

ရှင်ဗွေယန် ဧပြီ ၈ ဧပြီ ၆ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကံမကျေးရွာနေ မျိုးကို(၄၈)နှစ်မောင်းနှင်ပြီး ကျော်ထွန်း(၂၈)နှစ်လိုက်ပါလာသည့် 8H/---- Nissan (၁၂)ဘီးယာဉ်သည် ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လျက် တနိုင်း-ရှင်ဗွေယန် ကားလမ်းအတိုင်း မောင်းနှင်လာစဉ် ရှင်ဗွေယန်မြို့၊ တဆိတ်ကျေးရွာအဝင်ရှိ အလျား ၂၂၀ ပေ၊ အနံ ၁၈ ပေခန့် ဘေလီသံဘောင်အမျိုးအစား တဆိတ်ချောင်းကူးတံတားပေါ်အရောက်၌ ယာဉ်/ကုန်၏တန်ချိန်မှာ တံတားခံနိုင်ဝန်ထက်ကျော်လွန် နေသဖြင့် တဆိတ်ကျေးရွာဘက်ခြမ်း ပေ ၆၀ အကန့်တစ်ကန့် ကျိုးကျပျက်စီးသွားခဲ့ရာ ယာဉ်မောင်း မျိုးကိုပါ ၂ ဦးမှာ ယာဉ်နှင့်အတူ တံတားအောက်ချောင်းအတွင်းသို့ ပြုတ်ကျသွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း မျိုးကိုပါ ၂ ဦးတွင် နဖူး၊ နှုတ်ခမ်း၊ မေးစေ့၊ ယာပါး ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ယာဉ်မောင်း မျိုးကို(ဖမ်းမိ)အား ရှင်ဗွေယန်နယ်မြေရဲစခန်း၊ (ပ)၂/၂၀၂၀၊ ပပက-၆(၁)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ