နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်ရဲ့ခနဲ့သံ မော်ရင်ဟို ချက်ချင်းတုံ့ပြန်

ဇူလိုင်  ၇


စပါးအသင်းဟာ ကိုဗစ်ကာလ ပွဲပြန်စကတည်းက သုံးပွဲမှာတစ်ပွဲပဲနိုင်သေးပြီး ပွဲကြပ်ကစားရတာလဲမရှိဘဲ ရှက်ဖီးနဲ့ ပွဲစဉ်မှာ ၃-၁  နဲ့ ရှုံးခဲ့ပြန်တယ်။ ဒါကြောင့် စပါးအသင်းပြန်ထကြွလာဖို့ ပြုပြင်မှုပြုလုပ်ရအုံးမှာပါ။  


စပါးအသင်းရှက်ဖီးကို ရှုံးတဲ့အချိန်မှာပဲ အာဆင်နယ်အသင်း အာဆင်နယ်ဖေ့ဘွတ်စ်ပေ့ချ်ကနေ ဟိုက်လိုက် တစ်ခုတင်လိုက်တာကတော့ အာဆင်နယ်ကရှက်ဖီးကို FA ပွဲမှာ ဆီဘယ်လော့ရဲ့ နောက်ကျဂိုးနဲ့အတူ  ၁-၂ နဲ့  အနိုင်ရခဲ့တာကိုပါ။ ရှက်ဖီးအိမ်ကွင်းသွားကစားရတဲ့ပွဲ နိုင်လိုက်တဲ့ပုံကို ဟိုက်လိုက်တင်လိုက်တာပေါ့။ 


အိမ်ကွင်းဘရာမောလင်းမှာ ရှက်ဖီးကိုအနိုင်ကန်ရတာမလွယ်ဘူးဆိုတဲ့ သဘောမျိုးဖြစ်အောင်အချိန် ကိုက်တင်လိုက်တာဖြစ်တယ်။ တင်တဲ့အချိန်ကလည်း စပါးကရှက်ဖီးကိုရှုံးတဲ့အချိန်ဆိုတော့  မော်ရင်ဟိုက ဒါသူ့ကိုခနဲ့တာ၊ မထီမဲ့မြင်လုပ်တာလို့ယူဆပြီး ပြန်မှတ်ချက်ပေးလိုက်တာကတော့ “ကိုယ်တိုင်ပျားတုပ်နေမှသာ သူများပြဿနာတက်နေတာကိုပျော်တာပါ။ အကယ်လို့ သူတို့က လိဂ်ရဲ့ထိပ်ဆုံး ဒါမှမဟုတ် ထိပ်ဆုံး လေးသင်းဝင်ခွင့် တိုက်ပွဲမှာဆင်နွှဲနေတဲ့ အခြေအနေကောင်းမျိုးဆိုရင် တစ်ပါးသူတွေရဲ့ ပြဿနာကို ပျော်ရွှင် နေမှာမဟုတ်ပါဘူး၊ သူတို့မှာ အောင်ပွဲခံရလောက်အောင်လည်း ပြစရာမရှိဘူး။ အမှတ်ပေးဇယားမှာ သူတို့ အခြေအနေနဲ့ကျွန်တော်တို့နဲ့ တူလွန်းနေတယ်လေ။ မြောက်လန်ဒန်ရဲ့ ချန်ပီယံအစစ်ဆိုတာက ပိုတော်နေရမယ် ပိုအားကောင်းနေရမယ် ၊ စိတ်ဆန္ဒတွေပိုပြင်းပြနေရမယ်လေ” ဆိုပြီး ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။ တကယ်တော့ အာဆင်နယ်လ်နဲ့ စပါးဟာအဆင့်ကလည်း  ၇ နဲ့  ၁၀ အမှတ်ကလည်း သိပ်မကွာဆိုတော့ ဒီလိုခနဲ့တာကို မော်ရင်ဟိုတစ်ယောက် အချိန်မဆိုင်း တုံ့ပြန်ခဲ့တာပေါ့။                                                                        


(SO)






အခြားဆက်စပ်သတင်းများ