နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမရပူရမြို့နယ်၌ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

အမရပူရ ဧပြီ ၈ ဧပြီ ၆ ရက်၊ ညနေ ၅ နာရီတွင် အမရပူရမြို့နယ်၊ စွယ်တော်ဘုရားအရှေ့ဘက်မုခ်ဦး၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျော်ထက်အောင်(ခ) အငယ်ကောင်(၃၂)နှစ်မောင်းနှင်ပြီး သူရိန်ဝင်း(ခ)ကတုံး(၃၂)နှစ်နောက် ထိုင်လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ သူရိန်ဝင်း(ခ)ကတုံး ကိုင်ထားသော စတီးချိုင့် အတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် 88/1 စာတမ်းပါ စိတ်ကြွဆေးပြား ၇၉၀၀ ပြားအား သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့မှ သူရိန်ဝင်း(ခ)ကတုံး၏နေအိမ်၌ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ ကော်ပုံးအတွင်းမှ ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် 88/1 စာတမ်းပါ စိတ်ကြွဆေးပြား ၁၀၀၀ ပြားအား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ည ၁၁ နာရီ မိနစ် ၂၀ တွင် ကျော်ထက်အောင် (ခ)အငယ်ကောင်နှင့် သူရိန်ဝင်း(ခ)ကတုံး(ဖမ်းမိ)တို့ ၂ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ