နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်ရာသီတည်းမှာ ဆယ်ဂိုးသွင်းနိုင်တဲ့ နောက်ခံကစားသမား

ဇူလိုင်  ၆


နောက်ခံကစားသမားအနေနဲ့ တစ်ရာသီတည်းမှာ ၁၀ ဂိုးသွင်းနိုင်ပါ့မလားလို့ သံသယမဖြစ်ကြပါနဲ့။ အမှန် အကန် ဂိုးသွင်းနိုင်ခဲ့တဲ့သူကတော့ ရီးရဲလ်အသင်းရဲ့ ခံစစ်ကစားသမား ရာမို့စ်ပါဘဲ။ ရာမို့ရဲ့ ပင်နယ်တီဂိုးနဲ့ ဘီဘာအိုကို အနိုင်ရခဲ့ပြီး အဖိုးတန် ၃ မှတ် ရယူပေးခဲ့ပါတယ်။ ရာမို့ဟာ တည်ကန်ဘောကနေ တစ်ဆင့် ဂိုးသွင်းနိုင်မှုနဲ့ပတ်သက်ပြီး နည်းပြဇီဒန်းကတောင် “ခရစ္စတီယာနိုနဲ့ ရာမို့စ်ဟာ ဘယ်အချိန်ဖြစ်ဖြစ် ပင်နယ်တီကန်ဖို့အတွက် ယုံကြည်စိတ်ချရခြင်းရဲ့ အလွန်မှာရှိနေတဲ့ ကစားသမားတွေပါ”တဲ့ဗျာ။ 


ရာမို့တစ်ယောက် ကိုဗစ်အလွန် ပြန်လည်စတင်တဲ့ပွဲတွေမှာ သွင်းဂိုး ၅ ဂိုးထိရအောင် ဂိုးသွင်းနိုင်ခဲ့တယ်။ ပွဲတစ်ပွဲရဲ့ အရေးကြီးချိန်မှာ ပင်နယ်တီတွေကို တာဝန်ယူနိုင်ဖို့ သက်ဆိုင်ရာနည်းပြဖြစ်သူရဲ့ ယုံကြည် ကိုးစားမှုကိုရဖို့ဆိုတာ လွယ်လှတယ်တော့မဟုတ်ပါဘူး။ ရီးရဲလ်အသင်းမှာတော့ နည်းပြကြီး ဇီဒန်းက ရာမို့ ကိုယုံကြည်စွာနဲ့ပဲ တာဝန်ပေးအပ်နှံခဲ့သလို ရာမို့ကလည်း ရသမျှပင်နယ်တီကို ဒိုင်ခံဂိုးအဖြစ် ပြောင်းလဲပြီး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့တာ တွေ့ရပါတယ်။ ရာမို့ဟာ လက်ရှိရီးရဲလ်မက်ဒရစ်အသင်းမှာ အသင်းရဲ့ မာလိန်မှူး၊ ဗဟိုခံစစ်မှူး၊ ဂိုးသွင်းကောင်းတဲ့ နောက်တန်းတိုက်စစ်မှူးရယ်လို့ တင်စားခေါ်ဝေါ်ထိုက်သူတစ်ဦးပင် ဖြစ်ပါတယ်။ နောက်တန်းကစားသမားတွေထဲမှာ တစ်ရာသီအတွင်း ၁၀ ဂိုးသွင်းနိုင်ခဲ့သူပင်ဖြစ်ပါတယ်။                                      


So






အခြားဆက်စပ်သတင်းများ