နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးလ်အသင်း ချန်ပီယံဘွဲ့ကို ဆက်ထိန်းထားနိုင်ဖို့ ပြုပြင်ပြောင်းလဲမှုများလုပ်ဖို့ လို

ဇူလိုင်  ၆


လက်ရှိရာသီမှာ လီဗာပူးလ်အသင်းဟာ ပြိုင်ပွဲမပြီးဆုံးသေးခင်မှာပင် ချန်ပီယံအဖြစ် ဇူလိုင်လ ၂၂ ရက်ညမှာ သတ်မှတ်ခံရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ လီဗာပူးဟာ လက်ရှိချန်ပီယံဘွဲ့ထူးကြီးကိုပိုင်ဆိုင်သွားမှာပါ။ လာမယ့်ရာသီမှာလည်း ချန်ပီယံဆုကြီးကို ဆက်လက်ထိန်းထားနိုင်ဖို့ဆိုရင် လီဗာပူးလ်အသင်းအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ လိုအပ်ချက်တွေ၊ နည်းဗျူဟာတွေကို ပြုပြင်ဖြည့်ဆည်း အဆင့်မြှင့်ဖို့တွေ ဆောင်ရွက်ရမှာသေချာပါတယ်။


လက်ရှိနည်းပြကလော့ဟာ လီဗာပူးလ်ကို စရောက်ကတည်းက အသင်းကိုအလုံးစုံပြုပြင်ခဲ့ပါတယ်။ စည်းလုံးမှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ခဲ့တယ်။ ကစားသမားတွေကို သူ့နေရာနဲ့သူ အံဝင်ဂွင်ကျအောင် အသုံးပြုမှုကိုလည်း မှန်ကန်စွာ ဆောင်ရွက်နိုင်ခဲ့တယ်။ နည်းပြတစ်ဦးဟာ အသင်းရဲ့တိုက်စစ်၊ ခံစစ်၊ ဂိုးနေရာတွေမှာ လက်ရှိကစားသမားအပြင် စွမ်းဆောင်ရည်မြင့်နိုင်တဲ့ ကစားသမားမျိုးတွေ ရှာဖွေစုဆောင်း ထားရမှာဖြစ်တယ်။


ချန်ပီယံဖြစ်ခဲ့ဖူးတဲ့အသင်းတိုင်း ချန်ပီယံဘွဲ့ကြီးကို ဆက်ထိန်းထားဖို့အတွက် ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့တာတွေ့ရပါတယ်။ ၂၀၀၄− ၂၀၀၅ ရာသီချန်ပီယံချယ်ဆီးလ်ဟာလည်း နောက်ရာသီအတွက် အက်ဆီယန်၊ ရိုက်ဖိလစ်တို့ကို အားဖြည့်ပြီး ချန်ပီယံဘွဲ့ကို နောက်ရာသီမှာအောင်မြင်စွာဆက်ထိန်းနိုင်ခဲ့တယ်။ လီဗာပူးလ် အသင်းဟာ စိန်ခေါ်မှုအသစ်တွေ ကြုံတွေ့လာရမှာပါ။ 


လက်ရှိမှာ လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ် မှတ်တမ်းက ဆိုးဝါးနေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ခြေချော်မှုမဖြစ်အောင် သတိထားရပါမယ်။ လက်ရှိ လီဗာပူးလ်ရဲ့ အိမ်ကွင်းအမှတ်အများဆုံး စုဆောင်းနိုင်တဲ့ စံချိန်၊ နိုင်ပွဲအများဆုံးစံချိန်  ၃၂  ပွဲတွေ ချိုးဖျက်ခံရဖွယ်ဖြစ်နေပါတယ်။ ချန်ပီယံအသင်းဟာ ပြိုင်ဖက်အသင်းတွေထက်သာအောင် အမြဲကြိုးစားနေရမှာပါ။ အသင်းရဲ့ စည်းလုံးညီညွတ်မှုဟာ အောင်မြင် သောအသင်း၊ ချန်ပီယံဘွဲ့ကြီးကို ဆက်ထိန်းနိုင်တဲ့အသင်းဖြစ်ဖို့ အဓိကအချက်ပင်ဖြစ်ပါတယ်။                               


So






အခြားဆက်စပ်သတင်းများ