နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်သို့ နာနတ်သီး တင်ပို့ခွင့်ရပါက နာနတ်သီးဈေးကွက် ပို၍ အဆင်ပြေနိုင်မည်

ရန်ကုန်   ဇူလိုင်  ၆


တရုတ်နိုင်ငံသို့   နာနတ်သီးတင်ပို့ခွင့်ရပါက နာနတ်သီးစိုက်တောင်သူများ ပို၍ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံနာနတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။


မြန်မာနိုင်ငံမှ အဓိက နာနတ်သီးတင်ပို့သည့် တရုတ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ် ဇွန်လ ၁၆ ရက်မှစ၍ မြန်မာနာနတ်သီးများ တင်ပို့ရောင်းချခွင့်ကို ပိတ်ထားပြီး နာနတ်သီးတင်ပို့မည်ဆိုပါက မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပေးသော အပင်ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်လက်မှတ်ရရှိမှသာ တင်ပို့ ရမည်ဖြစ်ကြောင်း သိရသည်။


 "နယ်စပ်ကုန်သွယ်ရေးအနေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကိုပဲ တင်ပို့ခွင့်ရရေးကို နာနတ်သီးစိုက် တောင်သူတွေက လိုလားကြပါတယ်။ ကျွန်တော်တို့က တရုတ်ပြည်ကိုပိုပြီးမက်တာ၊ ဘာကြောင့်လည်းဆိုတော့ တရုတ်ပြည်က ပွဲစားတစ်ယောက်ဆိုရင် ကျွန်တော်တို့ တစ်ရက်ကို ၁၂ ဘီးကား အစီး ၂၀ ယူတဲ့ ပွဲစားတောင်ရှိတယ်။ ပြောချင်တာကတော့ တရုတ်ပြည်လမ်းကြောင်းလေး ပွင့်အောင်ပဲ ဝိုင်းဝန်းကြိုးပမ်းရင်တော့ တခြားနိုင်ငံတွေကို ရောင်းမှာထက် ပိုပြီးတော့ အဆင်ပြေနိုင်မယ်ထင်တယ်"ဟု မြန်မာနိုင်ငံနာနတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်က ပြောသည်။


မြန်မာနိုင်ငံအနေဖြင့် နာနတ်သီးကိုတရုတ်နိုင်ငံသို့ နှစ်စဉ်ပျမ်းမျှ တန် ၄၀,ဝ၀ဝ နီးပါးတင်ပို့နေပြီး ပြီးခဲ့သည့်နှစ် ရှမ်းမြောက် နာနတ်အုပ်စုမှာ နာနတ်သီး တန်ချိန် ၂၅၀ဝ၀ အတွက် သိန်းပေါင်း ၇၀ဝ၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။


ယခုနှစ်တွင်လည်း မြန်မာတစ်နိုင်ငံလုံး နာနတ်သီး စိုက်ဧက ၃၅၀ဝ၀ ခန့်ရှိရာ သီပေါတွင် ၅၅ ရာခိုင်နှုန်း၊ လားရှိုးတွင် ၁၇ ရာခိုင်နှုန်း၊ တန့်ယန်းတွင် ၉ ရာခိုင်နှုန်း၊ ဆိုက်ခေါင်တွင် ၆ ရာခိုင်နှုန်း၊ မိုင်းကိုင်၊ နမ့်ဆန်နှင့် အခြားဒေသများတွင် ၁၃ ရာခိုင်နှုန်းခန့်ရှိပြီး နာနတ်သီးမှာ ဇွန်လမှစတင်ကာ ဇူလိုင်၊ ဩဂုတ်တွင် လှိုင်လှိုင် ထွက်ပေါ်မည်ဖြစ်သောကြောင့် ယခုနှစ်တွင် တရုတ်နိုင်ငံသို့ မတင်ပို့နိုင်ပါက ပြီးခဲ့သည့်နှစ်ထက် အရှုံး ပိုများနိုင်ကြောင်း သိရသည်။                                                                                          

                                  

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ