နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းမြို့နယ်တွင် စားသုံးသူများလာခြင်းကြောင့် ခေါက်ဆွဲနွဲ့မုန့် ရောင်းအားကောင်း

မိုင်းယောင်း    ဇူလိုင်    ၆


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စားသုံးသူများလာခြင်းကြောင့် ဒေသရိုးရာအစားအစာ သရေစာမုန့်တစ်မျိုးဖြစ်သည့် ခေါက်ဆွဲနွဲ့မုန့်ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

ခေါက်ဆွဲနွဲ့မုန့် ပြုလုပ်ရောင်းချသူ ဒေသခံအမျိုးသမီးတစ်ဦးက ဒီနှစ်အတွင်းမှာ ခေါက်ဆွဲနွဲ့မုန့် ဝယ်ယူ စားသုံးသူပိုများလာကြောင်း၊ ယခင်နှစ်များတွင် လူငယ်ပိုင်းလောက်သာ လာရောက်စားသုံးကြောင်း၊ ယခုနှစ်တွင် ကလေးရောလူကြီးပါ စားသုံးသူပိုများလာတော့ ဈေးပိုရကြောင်း၊ ခေါက်ဆွဲနွဲ့မုန့်သုံးချပ်လျှင် ကျပ် ၅၀၀ ရောင်းရကြောင်း၊ ဖုန်းနှင့် ဆက်သွယ်မှာယူက မြို့တွင်းအိမ်အရောက်ပို့ပေးကြောင်း ပြောကြား သည်။


အဆိုပါ ခေါက်ဆွဲနွဲ့(ခေါက်ဆွဲအွမ်) သရေစာမုန့်ကို ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းယောင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ ကျိုင်းတုံနှင့် မိုင်းယုဒေသများတွင် အများဆုံးပြုလုပ်ရောင်းချလေ့ရှိပြီး ကလေးရောလူကြီးပါ အထူးကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးကြကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ