နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်လမြိုင်ကျွန်း-လှိုင်ဘုန်း အ-ထ-က တွင် ဆရာ၊ ဆရာမ တိုးမြှင့်ခန့်ထားပေးရန် နယ်မြေပြည်သူများ လိုလား

မော်လမြိုင်ကျွန်း    ဇူလိုင်    ၆


ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်ဘုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပညာသင်ယူခဲ့ကြသော ကျောင်းသား၊ ကျောင်းသူပေါင်းမှာ ၁၂၀၀ ခန့်ရှိသော်လည်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမ ခွင့်ပြုအင်အားစာရင်းထက် များစွာလျော့နည်းပြီး အထက်တန်းဆင့်တွင် ဆရာ၊ ဆရာမငါးဦး၊ မူလတန်းဆင့်တွင် ဆရာ၊ ဆရာမ လေးဦးဖြင့်သာ ပညာသင်နှစ် တစ်ခုလုံးသင်ကြားခဲ့ကြရသည်။

ယင်း လှိုင်ဘုန်း အ-ထ-က ၏ အထက်တန်းနှင့် မူလတန်းဆင့် ဆရာ၊ ဆရာမ လိုအပ်ချက်အား ဖြည့်ဆည်း ခန့်ထားပေးပါက လှိုင်ဘုန်းအထက်တန်းကျောင်း၏ အောင်ချက်နှင့် ပညာရည်တိုးတက်မှုမြင့်မားလာမည် ဖြစ်သည်။


အဆိုပါ မော်လမြိုင်ကျွန်းမြို့နယ် လှိုင်ဘုန်းဒေသမှာ မော်လမြိုင်ကျွန်းမြို့နယ်၏ အောက်ဖက် ပင်လယ် ပိုင်းဒေသတွင် တည်ရှိသဖြင့် ပညာရေးမြှင့်တင်ပေးရန် လိုအပ်လျက်ရှိရာ ကျောင်းဖွင့်ရာသီ ပညာသင်နှစ်အမီ လှိုင်ဘုန်း အ-ထ-က အတွက် အထက်တန်းပြနှင့် မူလတန်းပြ ဆရာ၊ ဆရာမများ တိုးမြှင့်ခန့်ထားပေးရန် နယ်မြေခံ ပြည်သူများက လိုလားလျက်ရှိကြောင်း သိရသည်။

"လှိုင်ဘုန်း အ-ထ-က မှာ အနီးပတ်ဝန်းကျင် ပင်လယ်ပိုင်းကျေးရွာတွေက ကျောင်းသူ၊ ကျောင်းသားတွေ လဲ ကျောင်းလာတက်ကြပါတယ်။ ဆရာ၊ ဆရာမအင်အား လျော့နည်းတော့ သင်ကြားမှုအပိုင်းမှာ မနည်းကြိုးစားသင်ကြားခဲ့ကြရပါတယ်။ ဆရာ၊ ဆရာမတိုးမြှင့်ခန့်ထားပေးဖို့ အမှန်တကယ် လိုအပ်လျက်ရှိပါတယ်"ဟု ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဘိုသန်းက ပြောသည်။                                 


မော်ကျွန်း-မြင့်အောင်






အခြားဆက်စပ်သတင်းများ