နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

ရန်ကုန် ဇူလိုင် ၂၃

တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရား မဝင်ကုန်သွယ်မှုများကို ဥပဒေ နှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး အထူးအဖွဲ့ တာဝန်ကျပူးပေါင်းအဖွဲ့က စစ် ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား ပူးပေါင်းစစ် ဆေးရေးဂိတ်၌  လိုင်စင်မဲ့ Mitsubishi Trito မော်တော် ယာဉ်တစ်စီးနှင့် Dihatsu Hijet မော်တော်ယာဉ်နှစ်စီး (ခန့်မှန်း တန်ဖိုးငွေ ကျပ် ၃၈,၀၀၀, ၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စစ်ကိုင်းမြို့၊ ရွာ‌ထောင်ရပ်ကွက်၊ ဘီယာ စတား(၃)ဆိုင်ရှေ့၌ တရားဝင် သယ်ဆောင်ခွင့် အထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် Tiger Beer ဖာ  ၁၅၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀,၄၄၀,၀၀၀)ကို ယစ်မျိုးဥပဒေအရလည်းကောင်း၊စုစုပေါင်း (ခန့်မှန်းတန် ဖိုးငွေကျပ်၄၈,၄၄၀,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက် ထားသည်။

ထို့အတူ ဇူလိုင်၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ပဲခူးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့တာဝန် ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ ဘုရားကြီး မြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မုတ္တမမြို့မှ ရန်ကုန်မြို့သို့ မောင်း နှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင် ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံ ထွက်  ပန်းသီးကီလိုဂရမ် ၁၂၀၀  အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၄၂,၀၀၀)နှင့်အဆိုပါ ပစ္စည်း များ တင်ဆောင်လာသည့်  Mits−ubishi Fuso Bus တစ်စီးခန့် မှန်း တန်ဖိုးငွေကျပ် ၃၀,၀၀၀, ၀၀၀ ကို အကောက်ခွန်လုပ်ထုံးလုပ် နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရား မဝင် သစ်မာ  ၂ ဒသမ ၁၃၅ တန်၊ အခြားသစ်  ၃ ဒသမ ၄၈၀ တန်  ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၂၅,၂၇၀ ကို သစ်တောဥပဒေ အရလည်းကောင်း၊စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၈၆၇, ၂၇၀ ကို ဖမ်းဆီးအရေးယူဆောင် ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဇူလိုင်၂၁ ရက် နှင့်၂၂ ရက်တို့တွင် ဖမ်းဆီးရမိ မှု စုစုပေါင်းမှာ အမှုတွဲခုနစ်မှု၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၈၄, ၃၀၇,၂၇၀ ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီထံမှ သိရ သည်။

                   







(သတင်းစဉ်)






အခြားဆက်စပ်သတင်းများ