နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စနေဂြိုဟ်ကို လဖုံးကွယ်မည့် ရှားပါးဖြစ်စဉ် မြန်မာနိုင်ငံမှ မြင်တွေ့ရမည်

ရန်ကုန်၊ ဇူလိုင် ၂၃

စနေဂြိုဟ်ကို လဖုံးကွယ်မည့် ရှားပါးဖြစ်စဉ်သည် ၁၈ နှစ်ခန့်တွင် တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိပြီး တစ်ကြိမ်ဖြစ်တိုင်း ပုံစံတူ (နေရာတူ)တွင် နှစ်ကြိမ် မြင်တွေ့ရလေ့ရှိကာ ယခုနှစ်ဖြစ်စဉ်ကို မြန်မာနိုင်ငံမှလည်း မြင်တွေ့နိုင်ကြောင်း အာကာသနှင့် သိပ္ပံဆိုင်ရာအဖွဲ့အစည်းများနှင့် ပညာရှင်အချို့ထံက သိရသည်။

စနေဂြိုဟ်ကို လမှ ဖုံးကွယ်သွားမည့် ပထမအကြိမ်အဖြစ် ဇူလိုင် ၂၄ ရက် ညသန်းခေါင်ကျော် (၂၅ ရက်၊ နံနက် ၁၂ နာရီ ၅၇ မိနစ်မှ ၄ နာရီ ၅၇ မိနစ်အထိ)တွင် အရှေ့တောင်ဘက် ကောင်းကင်ယံ၏ ၆၄ ဒသမ ၈ ဒီဂရီအမြင့်တွင် ကြည့်ရမည်ဖြစ်ကြောင်း သိရသည်။

နောက်ထပ်တစ်ကြိမ် စနေဂြိုဟ်ကို လဖုံးကွယ်မည့်ဖြစ်စဉ်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်တွင် ထပ်မံမြင်တွေ့ရမည်ဖြစ်သည်။ 

"လ ရှိတဲ့နေရာဖြစ်လို့ ရှာဖွေရလွယ်ကူပေမယ့် မိုးသားတိမ်တိုက် များ ရှိလျှင်တော့ တွေ့မြင်ရဖို့ ခက်ခဲနိုင်ပါတယ်။ စနေဂြိုဟ်ကလည်း အင်မတန်သေးငယ် မှေးမှိန်တာမို့ ည အမှောင်ကောင်းကောင်းရှိမှ မြင်ရနိုင်ပါတယ်။ ၂၄ ရက် ညသန်းခေါင်ကျော်အချိန်မှာ လသည် စနေဂြိုဟ်နဲ့ နီးကပ်စွာ ရှိနေမှာဖြစ်ပြီး နံနက်လင်းအားကြီးအချိန် ၂ နာရီခွဲလောက်မှာ စနေဂြိုဟ် (ခေါ်) စေတန်သည် လ အနောက်ကို ရောက်ရှိသွားမှာဖြစ်လို့ မမြင်တွေ့နိုင်ရတော့ဘဲ နံနက် ၄ နာရီလောက် မှာ လရဲ့အနောက်ကနေ ပြန်လည်ထွက်ပေါ်လာမှာ ဖြစ်ပါတယ်"ဟု အာကာသနှင့် သိပ္ပံဆိုင်ရာပညာရှင်တစ်ဦးက ပြောကြားထားကြောင်း သိရသည်။                         







ခရီးသွားလုလင်






အခြားဆက်စပ်သတင်းများ