နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နို့နှင့် နို့ထွက်ပစ္စည်း တိုးမြှင့်ထုတ်လုပ်

မျက်မှောက်ကာလ၌ လူမှုဘဝဝန်းကျင်ရှိ ငယ်ရွယ်သူအချို့ကို ကြည့်လျှင် ခန္ဓာကိုယ်သေးကွေးပါးလျားနေသည်ကို တွေ့ရမည် ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ထွားရေးအတွက် အရွယ်လွန်သူများ ပြုပြင် ရခက်သည်။ ငယ်ရွယ်စဉ်ဘဝမှာပင် မိမိကိုယ်ခန္ဓာဖွံ့ဖြိုးရေးကို အလေးဂရုပြုကြရမည် ဖြစ်သည်။

ယနေ့လူငယ်လူရွယ်များမှာ ပညာရေးနှင့် အခြားအပိုချိန်များ တွင် ကုန်လွန်လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေးကို ဂရုမစိုက်နိုင်ကြ သည်ကို တွေ့မြင်ရသည်။ နိုင်ငံကိုတည်ဆောက်မည့် လူ့စွမ်းအား အရင်းအမြစ် တိုးတက်မြင့်မားရန် ပညာရေးနှင့် ကျန်းမာရေးတို့ တွင် အဓိကမြှုပ်နှံပေးကြရမည်။ သို့မှသာ ပညာရေး၊ ကျန်းမာ ရေး အားကောင်းလာကာ နိုင်ငံသူ၊ နိုင်ငံသားတို့၏ ကာယဉာဏ စွမ်းအားနှင့် အလုပ်လုပ်နိုင်မှုစွမ်းရည်တို့ကို မြင့်မားစေမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှု ရာခိုင်နှုန်းများနေသေးသည်။ မြန်မာနိုင်ငံသားတို့မှာ ဝမ်းဝလျှင်ပြီးရော သဘောမျိုးဖြင့် အာဟာရ ရှိရှိ၊ မရှိရှိ မည်သည့်ဆန်အမျိုးအစားမဆို စားသုံးတတ်ကြသည်။ လိုအပ်နေသော အာဟာရဓာတ်များမှာ သံဓာတ်၊ ဗီတာမင်ဓာတ်နှင့် ဇင့်ဓာတ်တို့ဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင် နွားမွေးမြူရေးလုပ်ငန်းသည် ကျေးလက် ဒေသတွင် အဓိကအကျဆုံးနှင့် အရင်းအနှီးအများဆုံး လုပ်ငန်းပင် ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၂၂ ဘီလီယံ ထဲမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများကို ထုတ်ချေးမည်ဖြစ်ရာ နို့စားနွားမွေးမြူသူများအတွက် ချေးငွေသက်တမ်း သုံးနှစ်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၂ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသနေ တောင်သူလယ်သမား အများစုသည် နွားမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ နွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာပါက လယ်သမားတို့၏ လူမှုစီးပွားဘဝ မြင့်မား လာမည် ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နှစ်စဉ်တင်သွင်းနေ သော နို့နှင့် နို့ထွက်ပစ္စည်းများ လျော့နည်းသွားမည်ဖြစ်သည်။

နွားနို့ကို နေ့စဉ်သောက်သုံးခြင်းဖြင့် သန်မာထွားကြိုင်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးသော လူငယ်လူရွယ်များအဖြစ် ရောက်ရှိစေမည် ဖြစ်သည်။ နို့သောက်သုံးခြင်းဖြင့် အရိုးအဆစ်များ သန်မာစေသည်။ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေသည်။

နွားနို့တွင် သကြားဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊  သတ္တု ဓာတ်၊ ဗီတာမင်နှင့် အင်ဇိုင်းဓာတ်များ ပါဝင်သကဲ့သို့ အမိုင်နိုအက်ဆစ် ဓာတ် ၁၈ မျိုး ပါဝင်ကြောင်း သိရသည်။ သို့ဖြစ်ရာ အနာဂတ် တွင် ကိုယ်ခန္ဓာကြံ့ခိုင်သော မြန်မာလူမျိုးဖြစ်ရေးအတွက် အာဟာရဓာတ် ပြည့်ဝသော နွားနို့သောက်သုံးခြင်း အလေ့အကျင့်ဖြစ်ရေး၊ အာဟာရ မြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း။   






အခြားဆက်စပ်သတင်းများ