နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေစီးရေလာကောင်းမွန်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်   ဇူလိုင်  ၂၃

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည်  ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ပါရမီ လမ်းရှိ  တကောင်းမြောင်း ရေစီးရေလာ အခြေအနေ၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁၀)ရပ်ကွက်၊ အင်းလျားရိပ်သာ လမ်းရှိ အင်းလျားကန်ရေပိုလွှဲ ရေစီးရေလာ အခြေအနေနှင့် မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ပြည်လမ်းနှင့် ပါရမီ လမ်းဆုံနေရာတွင်  အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား) က ပြည်လမ်းနှင့် ပါရမီလမ်း အား လမ်းသားတိုးချဲ့ခင်းကျင်း ခြင်းနှင့် လူသွားစင်္ကြံ ပြုလုပ် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် တောင်ဥက္ကလာပမြို့နယ်၊ ပါရမီ လမ်း တကောင်းမြောင်းသို့ သွားရောက်၍ ချောင်းအတွင်း ရေစီးရေလာအခြေအနေများ၊ ပြည်သူများအတွက် အသိပေး နှိုးဆော်စာများ၊ မေတ္တာရပ်ခံ စာများပါရှိသည့် ဆိုင်းဘုတ်များ စိုက်ထူထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး မြို့တော်ဝန်က  ကမ်းစပ်တစ်လျှောက် မြက်ပင် ချုံနွယ်များ ရှင်းလင်းရန်မှာကြား သည်။ 

အဆိုပါ တကောင်းမြောင်း သည် သုမင်္ဂလာလမ်းမှ စီးဆင်း ၍ အမှတ် (၄) ရပ်ကွက်နှင့် အမှတ် (၅) ရပ်ကွက်များသို့ ဖြတ်သန်းစီးဆင်းပြီး ရေပေါက် ကြည် ရေထိန်းတံခါးမှတစ်ဆင့် ငမိုးရိပ်ချောင်းသို့ စီးဝင်ကြောင်း သိရသည်။

ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊  အင်းလျား ရိပ်သာလမ်းရှိ အင်းလျား ကန်ရေပိုလွှဲသို့ သွားရောက်၍ အင်းလျားကန်ရေမျက်နှာပြင် တိုင်းတာထားရှိမှု၊ ရေကျော် ပေါက်များအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ကန်ရေ မျက်နှာပြင် အမှတ်အသားများ မြင်သာထင်ရှားစွာ ဆောင်ရွက် ထားရှိရန် မှာကြားသည်။ 

အင်းလျားကန်သည် ကန် ရေပြင် အကျယ်အဝန်း ၉၆၀ ဧကရှိ၍ ကန်ရေပြည့်အမှတ်မှာ ပင်လယ် ရေမျက်နှာပြင်အထက် ၄၈ ပေ ရှိသဖြင့် ရေပြည့်အမှတ် မရောက်မီ ကန်တော်ကြီးသို့ ၃၀ လက်မပိုက်ဖြင့် ပေးပို့ခြင်း၊ ရေပိုလွှဲမှတစ်ဆင့် ရေပေါက် ကြည်ချောင်းသို့ ဖောက်ထုတ် ခြင်းတို့ဖြင့် ရေကြီးရေလျှံမှု မဖြစ်စေရန် ကန်ရေကို ထိန်းညှိ ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ပြည်လမ်း နှင့် ပါရမီလမ်းဆုံနေရာတွင် အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က ပြည်လမ်းနှင့် ပါရမီလမ်းကို အရှည် ပေ ၅၀၀၊ အကျယ် ၇ ပေ၊ ထု ၉ လက်မ ကွန်ကရစ် လမ်းသားတိုးချဲ့ ခင်းကျင်းနေမှုနှင့် လူသွားစင်္ကြံ တည်ဆောက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး မြို့တော်ဝန်က သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေး ဆောင်ရွက်ရန်၊ ရေစီးရေလာ ကောင်းမွန်စေရန် လမ်းဘေး ရေမြောင်းများ စနစ်တကျ ဖောက်လုပ်ထားရှိရန်၊ လမ်းသား တိုးချဲ့ခြင်းလုပ်ငန်းပြီးစီးပါက လမ်းညွှန်အမှတ်အသားများ စနစ်တကျရေးဆွဲထားရှိရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။








သတင်း-မိုးမြင့်‌မောင်

ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ