နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်  ဇူလိုင်  ၂၃

၂၀၂၄ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့အခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပနိုင်ရေးနှင့် နေပြည်တော် တွင်ကျင်းပမည့် လူငယ်ဖိုရမ်၊ လူငယ်လေ့လာရေး ခရီးစဉ်နှင့် လူမှုအကျိုးပြု လုပ်ငန်းများ ပြုလုပ်သွားမည့် အစီအစဉ်များ တွင် ရန်ကုန်တိုင်းဒေသကြီးမှ တက်ရောက်မည့် လူငယ်များ ရွေးချယ်စေလွှတ်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃) တွင် ပြုလုပ်သည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကမ္ဘာ ကြီးတွင် လူငယ်များ၏အရေးပါ သော အခန်းကဏ္ဍကို အသိအမှတ် ပြုရန် ဩဂုတ် ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များ နေ့အဖြစ် သတ်မှတ်ကြေညာ၍ ကမ္ဘာတစ်ဝန်းရှိ အစိုးရအဖွဲ့ အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ပြည်သူများ နှင့် အသိုက်အဝန်းများအားလုံးက နိုင်ငံတော်အဆင့်၊ အပြည်ပြည် ဆိုင်ရာအဆင့် အခမ်းအနားများ ကျင်းပလာရာ၊ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၂ ရက်တွင်ကျရောက် မည့် အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပမည် ဖြစ်၍ ရွေးချယ်စေလွှတ်မည့် လူငယ်များသည် ဘက်စုံ ကဏ္ဍစုံ ထူးချွန်ထက်မြက်သော လူငယ် များဖြစ်ရေးအတွက် စနစ်တကျ ရွေးချယ်စေလွှတ်ကြရန် ပြော ကြားသည်။

ထို့နောက် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီး ဦးဌေးအောင်က ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက် မည့် အစီအစဉ်များနှင့်စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်း ရေးမှူး အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက နေပြည်တော် တွင် ကျင်းပမည့် လူငယ်ဖိုရမ်၊ လူငယ်လေ့လာရေး ခရီးစဉ်နှင့် လူမှုအကျိုးပြု လုပ်ငန်းများ ပြုလုပ်သွားမည့် အစီအစဉ်များ တွင် အဖွဲ့အစည်းများ၏ စာရင်း ပေးပို့ချက်အရ ပဏာမရွေးချယ် ထားသည့် ရန်ကုန်တိုင်းဒေသကြီး မှ တက်ရောက်မည့်  လူငယ်များနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြသည်။

ထို့နောက် တာဝန်ရှိသူများ က တိုင်းဒေသကြီးအတွင်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး၊ နေပြည်တော် အခမ်းအနားသို့ လူငယ်များ စေလွှတ်ရေးတို့အတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ကြသည်။

ဆက်လက်၍ ရန်ကုန် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်း ဒေသကြီးတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ လူငယ်များ နေ့အခမ်းအနားကို စည်ကား သိုက်မြိုက်အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် နေပြည်တော်တွင် ကျင်းပမည့် အခမ်းအနားသည် နိုင်ငံတော်အဆင့် ဆောင်ရွက် သည့် ပွဲဖြစ်၍ တိုင်းဒေသကြီးမှ စေလွှတ်မည့် လူငယ်အဖွဲ့ဝင် ၁၄ ဦးတို့အား စနစ်တကျ ရွေးချယ်စေလွှတ်နိုင်ရေးနှင့် နိုင်ငံ တော်၏ တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်မည့် လူငယ်များ၏ အရည်အချင်း၊ အရည်အသွေး များ ပြည့်စုံစေရန် တာဝန်ရှိသူ အားလုံးက ဝိုင်းဝန်း၍ စနစ်တကျ လေ့ကျင့် သင်ကြားပေးကြရန် နှင့် လုပ်ငန်းကဏ္ဍအလိုက် တာဝန်ရှိသူအားလုံး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ကြရန် ပြော ကြားသည်။

အစည်းအဝေးသို့ ရန်ကုန် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီဝင် များ၊ တိုင်းဒေသကြီး လူငယ် ရေးရာကော်မတီ အဖွဲ့ဝင်များ ဖြစ်သည့် တိုင်းဒေသကြီး ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ နှင့် အဖွဲ့အစည်းများမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။








ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ