နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရှိ အရေးပေါ်လူနာတင်ယာဉ်လုပ်ငန်းများ စတင်မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် ဇူလိုင် ၂၁

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီနှင့်ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့  ပူးပေါင်းကျင်းပ သော အရေးပေါ်လူနာတင်ယာဉ်လုပ်ငန်းမိတ်ဆက်ခြင်းအခမ်းအနားကို   ဇူလိုင် ၁၈ ရက်နံနက်ပိုင်းက ရန်ကုန်မြို့   Central Hotel  တွင်  ကျင်းပရာမြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ  တင်တင်လေး  တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှု  ကော်မတီ    ဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးက  နှုတ်ခွန်းဆက်စကားပြောကြားပြီး   အပြည် ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ  First  Aid  and  Pre-hospital Emergency Care Delegate Mr. Andrew Mok ကအရေးပေါ် ရှေးဦး  ပြုစုခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

ယင်းနောက် အသင်းဒုတိယဥက္ကဋ္ဌဒေါက်တာတင်တင်လေးက Trauma First Aid Kit များကို ထောက်ပံ့ပေးအပ်သည်။              (ပုံ)

အခမ်းအနားသို့ အသင်းဒုတိယဥက္ကဋ္ဌနှင့်အတူ အချိန်ပြည့်အလုပ် အမှုဆောင်ပါမောက္ခဒေါက်တာရီရီတင်၊ အချိန်ပိုင်းအလုပ်အမှု ဆောင်များဖြစ်ကြသော   ပါမောက္ခဒေါက်တာ  မာလာဝင်းနှင့်  ဒေါက်တာစိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု  ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်  အရေးပေါ်ကုသမှု ဆေးပညာဌာနပါမောက္ခ/ဌာနမှူး  ပါမောက္ခ ဒေါက်တာ ခိုင်ရွှေဝါ၊ အသင်းဌာနချုပ်မှညွှန်ကြားရေးမှူးများ၊အပြည် ပြည်ဆိုင်ရာကြက်ခြေနီကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများ၊ တိုင်း အဆင့်ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး ကြက် ခြေနီကြီးကြပ်မှုကော်မတီအတွင်းရေးမှူး  ဦးကျော်မြင့်အောင်နှင့်  ကော်မတီဝင်များ၊ရန်ကုန်တိုင်းဒေသကြီးမြို့နယ်(၁၁)မြို့နယ်မှကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌများ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ကြသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် လူနာတင်ယာဉ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အရေးပေါ်လူနာတင်ယာဉ်(၁၅)စီးကို ရွေးချယ်ပြီးGPSများတပ်ဆင်ခြင်း၊ Command andControl Center ကိုတိုင်းဒေသကြီးရုံးတွင် ထားရှိပြီး ကွပ်ကဲခြင်းလုပ်ငန်းဆောင်ရွက်မှုအတွက် လိုအပ်သည့် ထောက်ပံ့ကူညီပေးခြင်းစသည့် လုပ်ငန်းများစတင်ဆောင်ရွက်သည့် အထိမ်းအမှတ်အဖြစ် အခမ်း အနားကို ပြုလုပ်ခြင်းဖြစ်သည်။

ရပ်ရွာလူထုအတွက်  ကြက်ခြေနီအရေးပေါ် လူနာတင်ယာဉ်အကူ အညီ လိုအပ်သည့်အချိန်တွင်စနစ်တကျ ထွက်ခွာရန်၊မှန်ကန်သည့်ပြုစု စောင့်ရှောက်မှုများကို  ပေးနိုင်ရန်  အရေးပေါ်လူနာတင်ယာဉ် လုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်သည်။









အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ