နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေ့စဉ်ရေအရည်အသွေး Parameter(၃၇)မျိုး တိုင်းတာလျက်ရှိ Mini-Lab များဖြင့် ရေအရည်အသွေးတိုင်းတာမှု ပြုလုပ်

ရန်ကုန်  ဇူလိုင် ၂၁

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည်  ရေအရည် အသွေးစီမံခန့်ခွဲမှု ဗဟိုဓာတ်ခွဲခန်းတွင်  နေ့စဉ် ရေအရည်အသွေး Parameter (၃၇)မျိုးအထိ တိုင်းတာစစ်ဆေးပေးလျက်ရှိပြီး ရေလှောင်ကန်များနှင့် ရေသန့်စင်စက်ရုံများတွင် Mini-lab များဖြင့် ရေအရည်အသွေးတိုင်းတာမှုကို  ပြုလုပ်လျက်ရှိသည်။

အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) တာဝန်ရှိသူတစ်ဦးက “ရေ အရည်အသွေးစီမံခန့်ခွဲမှု ဗဟိုဓာတ်ခွဲခန်းတွင် နေ့စဉ်ရေအရည်အသွေး Parameter (၃၇)မျိုးအထိ တိုင်းတာစစ်ဆေးပေးနေပါတယ်။ Mini-lab တွေမှာလည်း နေ့စဉ်ပုံမှန် စစ်ဆေးတိုင်းတာပါတယ်။ လိုအပ်တဲ့ ရေအရည်အသွေးတွေ၊ နောက်ပြီး ကလိုရင်းခတ်တဲ့ ရေသန့်စင်စက်ရုံတွေမှာလည်း Chlorine Concentration တွေ စတဲ့ရေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို နေ့စဉ်တိုင်းတာပြီး ပြည်သူတွေကို ဖြန့်ဝေတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထိုသို့ ရေအရည်အသွေးစစ်ဆေးရာတွင် ကော်မတီက ပိုက်လိုင်း များမှရေများ၊ ကော်မတီပိုင် အဝီစိတွင်းများ၊ နေအိမ်များမှ ရေများကို စဉ်ဆက်မပြတ်လေ့လာတိုင်းတာပြီး စိတ်ချရသည့် သောက်သုံးရေကို ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)အနေဖြင့် မြို့နေပြည်သူ  များအတွက် သန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် သောက်သုံး ရေများကို လှော်ကားရေလှောင်ကန်၊ ဂျိုးဖြူရေလှောင်ကန်၊ ငမိုးရိပ် ရေသန့်စင်စက်ရုံ၊ လဂွန်းပြင်ရေသန့်စင်စက်ရုံနှင့် မြေအောက်ရေ ပေးဝေရေးစခန်းများမှ တစ်နေ့လျှင် ရေဂါလန်၂၃၇ သန်းအထိ ဖြန့်ဝေ ပေးလျက်ရှိသည်။                                               

     








အောင်မြင့်ဌေး






အခြားဆက်စပ်သတင်းများ