နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမှိုက်စွန့်ပစ်မှုစနစ်တကျ ပူးပေါင်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့်  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဌာနများ ပူးပေါင်းပြီး မြို့တော်သန့်ရှင်းသပ်ရပ်ရေးနှင့် သာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်ရေးတို့အား စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ဆောင် ရွက်လျက်ရှိရာ မြို့တော်ရန်ကုန်၏ သန့်ရှင်းသာယာရေးနှင့် ရေစီး ရေလာကောင်းမွန်ရေးမှာ ထင်သာမြင်သာ တိုးတက်လာသော အခြေအနေကို တွေ့မြင်နေရသည်။

ရန်ကုန်မြို့တော်ကြီးသည် စီးပွားရေးမြို့တော်ကြီးဖြစ်ရာ တိုး ပွားလာသော လူဦးရေနှင့် စီးပွားရေးဖွံ့ဖြိုးလာသည်နှင့်အမျှ စွန့်ပစ် ပစ္စည်းများလည်း များပြားလာသည်။ ရန်ကုန်မြို့တော်အတွင်းလမ်း များ သန့်ရှင်းသပ်ရပ်ပြီး၊ အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ယာဉ်များ စည်းကမ်းတကျ သွားလာရပ်တန့်နိုင်ရေးကို သက်ဆိုင်ရာ များက   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။

အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာလှပမှုကို လူတိုင်းနှစ်သက် ကြသည်။ ယင်းသို့ဆောင်ရွက်ရန်မှာ အိမ်ရှင်မများအပါအဝင်  မြို့တော်နေ ပြည်သူတိုင်းတွင် တာဝန်ရှိသည်။  အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများကို သွန်သင်ခြင်း၊မိမိခန္ဓာကိုယ်သန့်ရှင်း အောင်ထားခြင်း၊  မိမိအိမ်နှင့် အိမ်ပတ်ဝန်းကျင်သန့်ရှင်းအောင် ထားခြင်းတို့ကို  ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်သည်။

မိမိနေအိမ်၊ လမ်း၊ ရပ်ရွာသန့်ရှင်းသပ်ရပ်မှုကို ပူးပေါင်းပါဝင် ဆောင်ရွက်တတ်မှုအလေ့အကျင့်ကောင်းများဖြင့် အမှိုက်ကင်း စင်သောနေရာများ ဖော်ဆောင်လာနိုင်မည်ဖြစ်သည်။  ရပ်ရွာတစ်ခွင် သန့်ရှင်းကျန်းမာသောမိသားစုဘဝများ တည်ဆောက်ရာတွင် အထောက်အပံ့ဖြစ်သည့်အပြင် အမျိုးသားစည်း ကမ်းအစဖြစ်သော စာသင်ကျောင်းများက  လေ့ကျင့်သင်ကြားပေးလိုက်သည့် အမှိုက် စွန့်ပစ်မှုအလေ့အကျင့်ကောင်းများသည် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များမှ အစပြု၍  စံနမူနာပြအသိတရားဖြင့် ကျင့်သုံး ရေးသည် အရေးပါသည်။

 ယခုအခါ  ၂၀၂၄-၂၀၂၅  ပညာသင်နှစ်တွင်  တက်ရောက်   ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများ အဆင် ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့်   ပြည်နယ်     အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်   သန့်ရှင်းသာယာလှပရေး အမှိုက်စွန့်ပစ်မှု တနစ်တကျရှိရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြစ်၍ အမှိုက်များ စနစ် တကျစွန့်ပစ်ရေးတွင် လူတိုင်းအသိကိုယ်စီလိုက်ပါ ဆောင်ရွက် ရေးကို တိုက်တွန်းနှိုးဆော်ရပါကြောင်း ။    






အခြားဆက်စပ်သတင်းများ