နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်နက်တပ်ဆင်ထားသော တရုတ်စက်ရုပ်များ စစ်မြေပြင် ပို့မည်

ပေကျင်း  ဇူလိုင် ၂၁

တရုတ်နိုင်ငံက ထုတ်လုပ် ထားသည့် စက်ရုပ်ခွေးများအပါ အဝင် လက်နက်တပ်ဆင်ထားသည့် တိုက်ပွဲဝင် စက်ရုပ်များ (ပုံ) ကို လာမည့် နှစ်နှစ်တာကာလအတွင်း စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်ရန် ပို့ဆောင်မည်ဟု နိုင်ငံတကာ စစ်ရေး သုတေသီများက ပြောသည်။

လက်ရှိတွင် အင်တာနက် နည်းပညာနှင့် စက်ရုပ်နည်းပညာများ၊ မောင်းသူမဲ့ကားများ၊ ဒရုန်းများစသည့် နည်းပညာများ တိုးတက်နေသော တရုတ်နိုင်ငံတွင် သုတေသနအဖွဲ့ အသီးသီးကလည်း စက်ရုပ်အမျိုးမျိုး ကို တီထွင်ထုတ်လုပ်ကာ ပြပွဲအသီးသီး တွင် ထုတ်ဖော်ပြသလျက်ရှိကြသည်။

ထို့ပြင် ပြီးခဲ့သည့် ဇွန်လကလည်း AI နည်းပညာဖြင့်ဖန်တီးထားသော စစ်ရေးကွပ်ကဲမှု ကွန်မင်ဒါတပ်မှူး တစ်ဦးကို တရုတ်ပြည်သူ့လွတ်မြောက် ရေး တပ်မတော်၏ သုတေသန ဓာတ်ခွဲခန်းတွင် လက်တွေ့စမ်းသပ် ပြခဲ့ပြီးယင်း AI တပ်မှူးအား ကွန်ပျူတာအတွင်း ဖန်တီးထားသော စစ်ပွဲတွင် စက်ရုပ်ခွေးများ၊ ဒရုန်း များ၊ မောင်းသူမဲ့စစ်ယာဉ်များ၊ မောင်းသူမဲ့ စစ်သင်္ဘောများကို ဦးစီး၍ တိုက်ပွဲဝင်ခိုင်းရာ လူသားတပ်မှူး တစ်ဦးထက် အမှားအယွင်းကင်းစွာ ဖြင့် ကွပ်ကဲနိုင်ကြောင်း သိရသည်။

ထို့ကြောင့် တရုတ်နိုင်ငံသည် လာမည့် နှစ်အနည်းငယ်အတွင်း စက်ရုပ်တပ်မတော်တစ်ခုကို တည် ထောင်လာမည့် အလားအလာ ရှိကြောင်း နိုင်ငံတကာစစ်ရေး သုတေသီများက သုံးသပ်ပြောကြား သည်။







(ref: CMG)






အခြားဆက်စပ်သတင်းများ