နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်အဝေးပြေးလမ်း တံတားပြိုကျ

ပေကျင်း  ဇူလိုင် ၂၁

တရုတ်နိုင်ငံတွင် အဝေးပြေးလမ်း တံတား ပြိုကျမှုဖြစ်ပွားပြီး (ပုံ) လူ ၁၁ ဦး သေဆုံးကာ လူပေါင်း ၃၀ ခန့် ပျောက်ဆုံးနေသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ အစွမ်းကုန်ဆောင်ရွက် ရန် သမ္မတရှီကျင့်ဖျင်က ဇူလိုင် ၂၀ ရက်တွင် တိုက်တွန်းပြောကြားသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှန်ဇီပြည်နယ်တွင် မြစ်ရေတိုးနေစဉ် အတွင်း အဝေးပြေးတံတားပြိုကျ သွားခြင်းကြောင့် မြစ်ထဲသို့ကား အချို့ပြုတ်ကျပြီး မြစ်ရေစီးနှင့်အတူ ကားငါးစင်း မျောပါသွားကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ရေကြီးရေလျှံ မှုကို ထိန်းချုပ်ရမည့် အရေးကြီး အချိန်ကာလသို့ ရောက်ရှိနေပြီး စောင့်ကြည့်ရေးနှင့် ကြိုတင်သတိပေး မှုများအားကောင်းစေရန်  ဒေသ ဆိုင်ရာအစိုးရများက စနစ်တကျ လုပ်ဆောင်စေလိုကြောင်း သမ္မတရှီ က ပြောသည်။ 

လက်ရှိတွင် တရုတ်အမျိုးသား မီးဘေးနှင့် ကယ်ဆယ်ရေး အာဏာပိုင် အဖွဲ့က အခင်းဖြစ်ပွားသည့်တံတား ရှိရာသို့ ကယ်ဆယ်ရေး အဖွဲ့ဝင် ၈၅၉ ဦး၊ ယာဉ်အစီး ၉၀၊ လှေ ၂၀ နှင့် ဒရုန်း ၄၁ စင်းပါဝင်သည့် ကယ်ဆယ် ရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်း သိရသည်။








(ref:BBC)






အခြားဆက်စပ်သတင်းများ