နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာပြတ်တောက်မှုပြင်ဆင်ပြီးစီး ကုမ္ပဏီကအလေးအနက်တောင်းပန်

ဝါရှင်တန်  ဇူလိုင်  ၂၁

လေဆိပ်များ၊ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေခဲ့ သည့် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာစနစ် ပြတ်တောက်မှုကို ပြန်လည်ဖြေရှင်း ပြီးနောက် အမေရိကန်ဆိုက်ဘာ လုံခြုံရေးကုမ္ပဏီ CrowdStrike က အလေးအနက်တောင်းပန်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

မိုက်ခရိုဆော့ဖ်ဝင်းဒိုး လည်ပတ်မှု စနစ်တွင် ဆော့ဖ်ဝဲလ်မွမ်းမံပြင်ဆင်ရာ တွင် တွေ့ရှိရသည့် ချို့ယွင်းချက်တစ်ခု ကြောင့် ဆိုက်ဘာပြတ်တောက်သွား ခြင်းဖြစ်ကြောင်း CrowdStrike ကုမ္ပဏီ  စီအအိုဂျော့ချ်ကာ့ဇ်က ဆိုရှယ်မီဒီယာ X တွင် အသိပေးရေးသားထားသည်။

အဆိုပါဖြစ်စဉ်ကြောင့် အရေးကြီး သော ကျန်းမာရေးစောင့်ရှောက်မှု၊  ခရီးသွားလာမှုနှင့် ရုပ်သံလွှင့်ဝန်ဆောင် မှုများ အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ပြီး ကုမ္ပဏီက ထုတ်လုပ်ထားသော ဆော့ဖ်ဝဲအပ်ဒိတ်ကြောင့် ကမ္ဘာ တစ်ဝန်း ဆိုက်ဘာပြတ်တောက်မှု  အကျိုးဆက်များအတွက် ကုမ္ပဏီ ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ ဂျော့ချ်ကာ့ဇ် ကိုယ်တိုင် တောင်းပန်ထားသည်။

အဆိုပါ ပြတ်တောက်မှုသည် လုံခြုံရေးဖြစ်စဉ် သို့မဟုတ် ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် မဟုတ်ကြောင်း ကုမ္ပဏီက ပြောကြားထားပြီး ယခု ဖြစ်စဉ်ကြောင့် CrowdStrike (CRWD) ၏ စတော့ရှယ်ယာ အရောင်းအ၀ယ်များလည်း ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွား ကြောင်း သိရသည်။ 









(ref: CNN)






အခြားဆက်စပ်သတင်းများ