နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆီယံ-တရုတ် 3 x 3 အသက် ၁၈ နှစ်‌ အောက်ဘတ်စကက်ဘောပြိုင်ပွဲတွင် မြန်မာဘတ်စကက်ဘော အားကစားအဖွဲ့ ‌ငွေတံဆိပ်ရရှိ

ရန်ကုန်   ဇူလိုင်  ၂၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ မယ်လီပိုခရိုင်တွင် ဇူလိုင် ၁၄ ရက်မှ၂၀ ရက်အထိ ကျင်းပခဲ့သည့် ASEAN-CHINA TOUTH BASKETBALL TOURNAMENT AND CULTURAL EXCHAN 3x3 အသက်၁၈နှစ်‌အောက်ဘတ်စကက်ဘောပြိုင်ပွဲတွင် မြန်မာဘတ် စကက်ဘောအားကစားအဖွဲ့ဒုတိယ(ငွေ)တံဆိပ်ဆုနှင့်အကောင်း‌ ဆုံးကစားသမားဆု ရရှိသည်။

အဆိုပါပြိုင်ပွဲတွင်တရုတ်အသင်းကပထမ(ရွှေ)မြန်မာအသင်းကဒုတိယ(ငွေ)၊မလေးရှားအသင်းကဒုတိယ(ငွေ)၊ထိုင်းအသင်းကတတိယ(ကြေး)တံဆိပ်ရရှိကြပြီး မြန်မာအသင်းမှစိုင်းအောင်အောင် က အကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့‌ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင်အိမ်ရှင်တရုတ်အသင်း ငါးသင်း၊ကမ္ဘော‌ဒီးယား၊ အင်ဒိုနီးရှား၊လာအို၊မ‌လေးရှား၊ဖိလစ်ပိုင်၊ထိုင်းနှင့်မြန်မာတို့ကတစ်သင်းစီ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မြန်မာဘတ်စကက်ဘောအားကစားအဖွဲ့ဝင် မြန်မာနိုင်ငံဘတ် စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့်၊နည်းပြနှင့် အားကစားသမား‌ငါးဦး၊ စုစု‌ပေါင်းခုနစ်ဦးတို့သည် ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိ လာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံဘတ် စကက်ဘောအဖွဲ့ချုပ်အမှုဆောင်များ၊အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)ကျောင်းသား၊ကျောင်းသားသူများ၊မိဆွေမျိုးများက ကြိုဆိုနှုတ်ဆက်ကြသည်။                          







အားကစားသတင်းထောက်






အခြားဆက်စပ်သတင်းများ