ရန်ကုန် ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ လိုက်ပါလျက် တွံတေးမြို့နယ်နှင့် ကော့မှူးမြို့နယ်များတွင် အကောင်အည်ဖော်ဆောင်ရွက်နေသည့် စိုက် ပျိုးမွေးမြူရေးဇုန်များအတွင်း စိုက်ပျိုးမွေးမြူထား ရှိမှုနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ဘုရင့်နောင် ပန်းခြံတိုးချဲ့ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၈ နာရီတွင် တွံတေးမြို့နယ်၊ တလုတ္တော်ကျေးရွာ အနီး တွံတေးမွေးမြူရေးဇုန်စီမံကိန်း ရှင်းလင်း ဆောင်၌ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ တာဝန်ခံအင်ဂျင်နီယာက မွေးမြူရေးဇုန်အပိုင်း(၂)တွင် 90 mm dia HDPE ပိုက်လိုင်း ၁၅၀၀၀ ပေ ဆက်သွယ်ပြီး လျှပ်စစ်၊ ဆိုလာအသုံးပြု၍ စက်ရေတွင်းအရွယ် ရှစ်လက်မ၊ အနက်ပေ ၅၀၀ နှင့် ရေထွက်နှုန်း တစ်နာရီ ၈၀၀၀ ဂါလန်ဖြင့် ရေ ဖြန့်ဖြူးပေးဝေနိုင်ရေး ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က မွေးမြူရေး လုပ်ငန်းရှင်များ အဆင်ပြေစွာ လုပ်ကိုင်နိုင်စေရန် တာဝန်ရှိသူများက လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်၊ မွေးမြူရေးဇုန်အတွင်း တိရစ္ဆာန် အစာအဖြစ် အသုံးပြုနိုင်သည့် မြက်ပင်နှင့် သီးနှံပင်များစိုက်ပျိုးရန် မှာကြားပြီး မွေးမြူရေး လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒေသ ကြက်မွေးမြူရေးနှင့် ကြက်မွေးမြူရေးခြံ၊ ဆိတ် မွေးမြူရေးခြံ၊ နေဗီယာမြက်ခင်းများ စိုက်ပျိုးထား ရှိမှု၊ မွေးမြူရေးဇုန်အပိုင်း(၂)တွင် ရေဖြန့်ဖြူးပေး နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
တွံတေးမြို့နယ် မွေးမြူရေးဇုန်တွင် စုစုပေါင်း လုပ်ငန်းရှင် ၆၉ ဦးတို့က အသားတိုးကြက် ၂၅၈၅၀ ကောင်၊ အသားတိုးဘဲ ၁၉၀၀ ကောင်၊ အသားတိုးနွား ၁၁၃ ကောင်၊ ဆိတ်အကောင်ရေ ၃၆၁၀ ၊ ဒေသကြက် ၁၈၆၂၈ ကောင်၊ ဥစားကြက် ၇၉၆၀ ကောင်၊ ဥစားဘဲ ၄၀၆၈ ကောင်၊ နို့စားနွား ၂၇၃ ကောင်၊ ငုံးအကောင်ရေ ၁၄၃၇၀ ၊ ဝက် ၃၂၇ ကောင်၊ ကြက်မဲ ၇၈၄ ကောင်၊ ကြက်(ရမ်ပူရီ၊ ဟိုက်ဖလိုင်း) ၄၀၀ ကောင်တို့ကို မွေးမြူထားပြီး ဇူလိုင် ၂၁ ရက် အထိ အသားတိုးကြက် ၁၇၁၈၄၂ ပိဿာ၊ ဝက် ၁၉၂၃၈ ပိဿာ၊ ဘဲ ၁၂၆၀၆ ပိဿာ၊ အမဲသား ၃၂၀၀ ပိဿာ၊ ဆိတ်သား ၅၉၈၃ ပိဿာ၊ ငါး ၅၅၀၀ ပိဿာ၊ ဘဲဥ ၄၈၇၈၄၈ လုံး၊ ကြက်ဥ ၅၆၄၇၃၇ လုံး၊ ငုံးဥ ၇၀၂၁၈၅ လုံးနှင့် နွားနို့ ၆၁၂၉၆ ပိဿာ ထုတ်လုပ်နိုင်ခဲ့သည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ကော့မှူး စိုက်ပျိုးမွေးမြူရေးဇုန်စီမံကိန်းအနီး တိရစ္ဆာန်အစာ အဖြစ် အသုံးပြုနိုင်သည့် နှံစားပြောင်းနှင့် သီးနှံ ပင်များ စိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းများ အထောက် အကူဖြစ်စေရေးအတွက် ပြောင်းနှင့်မြက်ပင်များ စိုက်ပျိုးရန်၊ မြေအမျိုးအစားပေါ်မူတည်၍ ဖြစ် ထွန်းနိုင်သည့် ပြောင်းသီးနှံ အမျိုးအစားများ ရွေးချယ်စိုက်ပျိုးရန်တို့ကို မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကော့မှူး မြို့နယ် ရှားဘွားကျေးရွာအုပ်စု၊ ကော့မှူးစိုက်ပျိုး မွေးမြူရေးဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့်နေရာသို့ သွားရောက်၍ ကော့မှူး စိုက်ပျိုးမွေးမြူရေးဇုန် စီမံကိန်းအတွင်း ကုန်ထုတ် ပတ်လမ်း အမှတ်(၃) ဖောက်လုပ်ပြီးစီးပြီဖြစ်၍ မြေနေရာဇုန် သတ်မှတ်ပေးပြီး လိုအပ်သည် များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ ကော့မှူး စိုက်ပျိုးမွေးမြူရေးဇုန် သည် ၁၂၄၁ ဧက အကျယ်အဝန်းရှိပြီး ကုန်ထုတ် လမ်း ငါးလမ်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံတိုးချဲ့ တည်ဆောက်ရေး လုပ်ငန်းခွင်သို့သွားရောက်၍ ဘုရင့်နောင်ပန်းခြံ တိုးချဲ့မြေနေရာနှင့် အင်ဂျင် နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က ဘုရင့် နောင် တိုးချဲ့ပန်းခြံမှ အင်းဂလိုင်ချောင်းအထိ အရှည်ပေ ၅၀၀၀ ၊ အကျယ် ၈ ပေ၊ အနက် ၅ ပေ အုတ်ရေမြောင်းတည်ဆောက်နေမှု၊ ရန်ကုန်- ညောင်တုန်းလမ်းဘက် တိုးချဲ့ပန်းခြံ အဝင်နေရာ တွင် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က အရှည် ၃၂ ပေ၊ အကျယ် ရှစ်ပေ ၊ အနက်ခြောက်ပေ Box Culvert တည်ဆောက်ပြီးစီးမှု၊ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)က အလျား ၁၀၈ ပေ၊ အနံ ၅၈ ပေ ဘက်စုံသုံး အဆောက်အဦတည်ဆောက် နေမှု၊ ဘုရင့်နောင်ပန်းခြံ တိုးချဲ့တည်ဆောက် ရေးလုပ်ငန်းခွင်အတွင်း အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က ရန်ကုန်မြို့တော်ရေပေးဝေရေး ဇုန်(၉)၏ အလျား ၁၂၅ ပေ၊ အနံ ၃၀ ပေ၊ အနက် ၁၁ ပေရှိ ရေဂါလန်နှစ်သိန်းဆံ့ မြေအောက် ရေစုကန်နှင့်ရေတွန်းစက်ရုံ တည်ဆောက်နေမှု၊ ဘုရင့်နောင်ပန်းခြံတိုးချဲ့မြေနေရာနှင့်ရန်ကုန်- ပုသိမ်လမ်းကြားရှိ ရေမြောင်းကို အင်ဂျင်နီယာ ဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က အရှည် ၁၀၅၀ ပေ၊ အကျယ် ၈ ပေ၊ အနက် ၅ ပေ အုတ်ရေမြောင်း တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဘက်စုံသုံး အဆောက်အဦပတ်လည် ရေဝပ်မှုမရှိ စေရေး၊ ကွန်ကရစ်ခင်းကျင်းပြီး အုတ်ရေမြောင်း တည်ဆောက်ရန်နှင့် ဘက်စုံသုံး အဆောက်အဦ ပတ်လည် ပန်းအလှပင်များ စိုက်ပျိုးရန်၊လုပ်ငန်း များ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီး ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဘုရင့်နောင်ပန်းခြံ တိုးချဲ့မြေနေရာတွင် မူလပန်းခြံ လေးဧက အကျယ်အဝန်းရှိသည့် ပျော်ပွဲရွှင်ပွဲကျင်းပရာနေရာ၊ အလျား ၁၀၈ ပေ၊ အနံ ၅၈ ပေရှိသည့် ဘက်စုံသုံးအဆောက်အဦ၊ အလျား ၁၂၅ ပေ၊ အနံ ၃၀ ပေရှိသည့် ရေစုကန်နှင့် ရေတွန်းစက်၊ သန့်စင်ခန်းနှင့် ကားရပ်နားရန်နေရာများ ပါရှိ မည်ဖြစ်သည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ညောင်တုန်းလမ်းတစ်လျှောက်ရေစုကန် ရေမြောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက် ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရေစုကန် ရေမြောင်းဝန်းကျင် အမှိုက်များမရှိစေရေးဆောင် ရွက်ရန်နှင့်၊ သန့်ရှင်းသာယာလှပရေးဆောင်ရွက် ရန် မှာကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။ သတင်း - သွင်မောင်မောင်
ဓာတ်ပုံ - ရဲမင်းထွန်း
ဘက်စုံသုံးအဆောက်အဦ၊ အလျား ၁၂၅ ပေ၊ အနံ ၃၀ ပေရှိသည့် ရေစုကန် နှင့်ရေတွန်းစက်၊ သန့်စင်ခန်းနှင့် ကားရပ်နားရန် နေရာများပါရှိမည်ဖြစ်သည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ညောင်တုန်းလမ်းတစ်လျှောက်ရေစုကန် ရေမြောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင် ရွက်ထားရှိမှုကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ရေစု ကန်ရေမြောင်းဝန်းကျင် အမှိုက်များ မရှိစေရေး ဆောင်ရွက်ရန်နှင့်၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်း - သွင်မောင်မောင် / ဓာတ်ပုံ - ရဲမင်းထွန်း