ရန်ကုန် ဇူလိုင် ၂၁
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှု ကြောင့် ရေဘေးကြုံတွေ့နေကြရသည့် ထူးကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ ဘီးဇပ်ခုံကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊ ရေချမ်းစင်ကျေးရွာနှင့် မြင်းခြံစုကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲက သောက်ရေသန့်နှင့် ဓာတ်ဆားထုပ် သွားရောက် ထောက်ပံ့ ပေးအပ်ကြသည်။ (ပုံ)
ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲ တပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်နှင့် တပ်ဖွဲ့ဝင် များက ရေဘေးသင့် ကျေးရွာငါးရွာရှိ အိမ်ထောင် စု ၇၄၂ စုအတွက် ကျေးရွာတစ်ရွာလျှင် တစ် လီတာ သောက်ရေသန့်ဘူး ၃၇၁၀ ဘူးနှင့် ဓာတ်ဆားထုပ် ၅၀ စီ ပေးအပ်ကြသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)