နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကချင်ပြည်နယ်မှ တိုက်ပွဲရှောင် ဒုက္ခသည်များအတွင်းက ပထမဆုံးအသုတ်အဖြစ် ဒုက္ခသည် ၆၀ နေရပ်ပြန်

ဝိုင်းမော်   ဇူလိုင်    ၆


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာမှ တိုက်ပွဲရှောင်ဒုက္ခသည်မိသားစု ၁၀ စု၊ လူဦးရေ ၆၀ ကို ကချင်လူသားချင်းစာနာမှုကော်မတီ KHCC နှင့် အစိုးရတို့ ပူးပေါင်းပြီး ဇူလိုင် ၄ ရက်က ပထမဆုံးအဖြစ် နေရပ်ပြန်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် စီတာပူတိုက်ပွဲရှောင်ဒုက္ခသည်စခန်းတွင် လာရောက်နေထိုင်ကြခြင်းဖြစ်ပြီး လက်ရှိ နေရပ်ပြန်ပို့ပေးခဲ့ကြောင်း ကချင်လူသားချင်းစာနာမှုကော်မတီ KHCC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။


ကချင်လူသားချင်းစာနာမှုကော်မတီ KHCC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က “ ရွှေညောင်ပင်ကျေးရွာက တိုက်ပွဲရှောင်ဒုက္ခသည်တွေအတွက် နီပွန်ဖောင်ဒေးရှင်းအကူအညီနဲ့ ဆောက်လုပ်ထားတဲ့ နေအိမ်တွေမှာ နေရာချထားပေးနိုင်တာဖြစ်ပြီး သူတို့စားဖို့ သောက်ဖို့နဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေဆက်လက်ပံ့ပိုးပေး မယ်”ဟု ပြောကြားခဲ့သည်။

အစိုးရနှင့် KHCC အဖွဲ့တို့က ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ဝိုင်းမော်၊ ဗန်းမော်၊ ပူတာအို စသည့် လေးမြို့နယ်က ကျေးရွာ ၁၇ ရွာမှ တိုက်ပွဲရှောင်ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် စီစဉ်နေကြောင်း ယင်းကဆိုသည်။


KHCC တွင် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ကက်သလစ်အသင်းတော်၊ အင်္ဂလီကန် အသင်းတော်၊ လွတ်လပ်သော တိုင်းရင်းသားခရစ်ယာန်၊ လလော်နှစ်ခြင်း အသင်းတော်၊ လီဆူနှစ်ခြင်း အသင်းတော် စသည့် အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများပါဝင်ပြီး လက်ရှိ ကချင်ပြည်နယ်အတွင်း နေရပ်မပြန်နိုင်သေးသော တိုက်ပွဲရှောင်ဒုက္ခသည် စုစုပေါင်း တစ်သိန်းကျော်ရှိနေကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ