နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ကျော်စွာဝင်း(မြန်မာ)နှင့် ဘရက်ပတ်စ်တိုး(အမေရိကန်)တို့ သရေကျ ရန်နိုင်ထွန်းက နီရန်(ထိုင်း) ကို အလဲထိုးအနိုင်ယူ

ရန်ကုန် ဇူလိုင် ၂၂

The Great Lethwei TGL#7 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်‌ ရေကူးစတူရီယို၌ ယ‌မန်နေ့ည‌နေပိုင်းက တွဲဆိုင်းရှစ်ဆိုင်းကျင်းပခဲ့သည်။ အဆိုပါ ပြိုင်ပွဲငါးချီစိန်ခေါ်ပွဲများ၌ မစ်ဒယ်ဝိတ်တန်းတွင် ပထမတန်းလက်ဝှေ့ကျော် ကျော်စွာဝင်း (မြန်မာ) နှင့် ဘရတ်ပတ်စ်တိုး(အမေရိကန်)တို့ ယှဉ်ပြိုင်ထိုးသတ် ရာ‌ ကျော်စွာ၀င်းထက် ဘရတ်ပတ်စ်တိုးက အရပ်မြင့်နေ၍ ထိုးရခက် နေသည်။

ပထမအချီမှပဉ္စမအချီအထိ နှစ်ဦးစလုံး သူတင်ကိုယ်တင်ထိုးကြ ရာ ပူးတွဲသ‌ရေကျခဲ့သည်။   

ဝယ်လ်တာဝိတ်တန်း ရန်နိုင်ထွန်းနှင့် နီရန်(ထိုင်း)တို့ ယှဉ်ပြိုင် ပွဲတွင် နှစ်ဦးစလုံးပထမအချီနှင့်ဒုတိယအချီတွင် လက်ရည် အမှား စောင့်ခဲ့ကြသည်။ တတိယအချီတွင် ရန်နိုင်ထွန်း၏လက်သီးများ တရစပ်ထိုးခဲ့ရာ နီရန်အနား‌တောင်းခဲ့ရပြီး တတိယအချီတွင် ရန်နိုင်ထွန်းလက်သီးတွဲလုံးများ‌ကြောင့် နီရန်မျက်နှာထိမိကာ ပြန်မထနိုင်၍ အရှုံး‌ပေးလိုက်ရသည်။

ထို့ပြင် ပြည်တွင်းပြိုင်ပွဲဖြစ်သည့် ငါးချီစိန်‌ခေါ်ပွဲများတွင် လိုက်ဝိတ်တန်းတွင် အောင်ထက်ဟိန်းနှင့်  သွေးလင်းထက်တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ စတုတ္ထအချီတွင်‌ အောင်ထက်ဟိန်းဒဏ်ရာ ရကာ သွေးလင်းထက်အနိုင်ရရှိသွားသည်။ ဝယ်လ်တာ ဝိတ်တန်း စောဘဟိန်းနှင့် ရဲလင်းဦးတို့ပြိုင်ပွဲတွင် တစ်ဦးနှင့်တစ်ဦး အမှား မခံထိုးသတ်ကြရာ သ‌ရေကျခဲ့သည်။ လိုက်ဝယ်လ်တာဝိတ်တန်း တွင် လော်ကွာဒူးလက်သီးထိုးချက်ကြောင့် ဒုတိယအချီတွင် ဂျိုးဖြူး နှစ်ကြိမ်အနားတောင်းခဲ့ရသည်။

တတိယအချီမှ ပဉ္စမအချီအထိ ဂျိုးဖြူးက‌ လော်ကွာဒူးကို တိုက်စစ်ဖြင့်ကစားခဲ့ရာ အလူးအလဲဖြင့် ပူးတွဲသရေကျခဲ့သည်။   

လေးချီလိုက်ဝိတ်တန်း ထူးစေးဝါးနှင့် ကျားရိုင်းတို့ပြိုင်ပွဲတွင် လည်း တစ်ဦးနှင့်တစ်ဦး အမှားမခံဘဲ ထိုးသတ်ကြ‌သော်လည်း သ‌ရေကျခဲ့သည်။          

သုံးချီပြိုင်ပွဲများဖြစ်သည့် လိုက်ဝိတ်တန်း အာဖရိကနှင့် မဟာ သွေးပွဲတွင် သူတစ်ပြန် ကိုယ်တစ်ပြန်ထိမိကာ ပူးတွဲသ‌ရေဖြစ်ခဲ့ ပြီး ဖယ်သာဝိတ်တန်း ရဲမင်းထက်နှင့် လာကပေါတို့ပွဲတွင် တိုက်စစ် ဖွင့်ကစားကြကာ သရေကျခဲ့သည်။ 








အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ