နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆော်ဒီကလပ် အယ်ကွာစီယာဟ်အသင်းသို့ တိုက်စစ်မှူး အူဘာမီယန်း ပြောင်းရွှေ့

ဇူလိုင် ၂၂

မာဆေးအသင်း တိုက်စစ် မှူး အူဘာမီယန်းသည် စာချုပ် ကုန်ဆုံးချိန်တွင် ဆော်ဒီကလပ် အယ်ကွာစီယာဟ် အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

အူဘာမီယန်းသည် ပြီးခဲ့ သည့် ဘောလုံးရာသီက မာဆေး အသင်းတွင် ပြိုင်ပွဲစုံ ၅၁ ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၃၀ နှင့် ဂိုး ဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြသနိုင်ခဲ့သော်လည်း အသင်းအနေဖြင့် ၎င်းကို စာချုပ် သက်တမ်းတိုးရန် မစီစဉ်တော့ ဘဲ အလွတ်ပြောင်းရွှေ့ခွင့်နှင့် လက်လွှတ်ခဲ့ပြီးနောက် ဆော်ဒီ ကလပ် အယ်ကွာစီယာဟ် အသင်း  ကမ်းလှမ်းမှုကို လက်ခံ၍ တစ်နှစ် ယူရို ၁၅ သန်းဖြင့် နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ် သည်။

အယ်ကွာစီယာဟ်အသင်း သည် လက်ရှိ အပြောင်းအရွှေ့ ကာလတွင် အူဘာမီယန်း အပါ အဝင် ရီးရဲလ်မက်ဒရစ် ခံစစ် ကစားသမား နာချို၊ ဝုဗ်ဘတ် အသင်း ကစားသမား ကက်စ တီးလ်တို့ကို ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။ 








သူရိန်






အခြားဆက်စပ်သတင်းများ