ဇူလိုင် ၂၂
မန်ယူအသင်းသည် ကွင်းလယ် ပိုင်းလိုအပ်ချက်အတွက် ပီအက်စ် ဂျီအသင်း ကွင်းလယ်ကစားသမား အူဂါတီကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ပီအက်စ်ဂျီအသင်းသည် အူဂါတီကို ပြီးခဲ့သည့် ဘောလုံး ရာသီက စပို့တင်းလစ္စဘွန်း အသင်းမှ ပြောင်းရွှေ့ကြေး စတာ လင်ပေါင် ၄၂ သန်းဖြင့် ခေါ်ယူ ခဲ့ပြီး ကစားသမားအနေဖြင့် အသင်း၏ အနာဂတ်စီမံကိန်း တွင် ပါဝင်နေသူဖြစ်သောကြောင့် ရောင်းချရန် မသေချာသော်လည်း ပြောင်းရွှေ့ကြေး အနည်းဆုံး စတာလင်ပေါင် ၅၉ သန်းရရှိပါ က လက်လွှတ်သွားမည်ဖြစ် သည်။
လက်ရှိတွင် မန်ယူအသင်း သည် ပီအက်စ်ဂျီအသင်းက အလိုရှိနေသည့် ပြောင်းရွှေ့ကြေး ကို ပေးချေနိုင်ရန် အသင်းမှ ကွင်းလယ်ကစားသမားများဖြစ် သည့် ကက်စမဲရိုးနှင့် တွမ်မီနေး တို့ကို ရောင်းချသွားမည်ဖြစ်ပြီး အူဂါတီကို ခေါ်ယူနိုင်ရေး ကြိုးပမ်း နေကြောင်း သိရသည်။
သူရိန်