နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သရုပ်ဆောင်စည်သူဝင်းနှင့် သူငယ်ချင်းများ ရဟန်းဝတ်

ရန်ကုန် ဇူလိုင် ၂၂

ဝါဆိုလပြည့်နေ့က  သရုပ် ဆောင် စည်သူဝင်းသည် သူငယ် ချင်းများနှင့်စုပေါင်းကာ ရန်ကုန် မြို့၊ ပြည်လမ်း၊ ပဌာန်းကျောင်း တိုက်တွင် ဒုလ္လဘရဟန်းဘဝကို ခံယူကြသည်။ (ပုံ)

သရုပ်ဆောင် စည်သူဝင်း သည် အရှင်စန္ဒောဘာသ ဘွဲ့ အမည်ဖြင့် ခုနစ်ရက်သီတင်းသုံး ပြီး ရဟန်းဘဝကို ခံယူသွားမည် ဟု သိရသည်။

" အခု ဒုလ္လဘဝတ်ဖြစ်သွား တာကတော့ အသက်  ၃၀ မကျော်ခင်  ချက်ချင်းလုပ် ဖြစ် သွားတာပါ။ တစ်ခါမှလည်း ပဉ္စင်းမခံရသေးတာလည်း ပါပါ တယ်။ အလုပ်တွေအားလုံး ဖြတ်ပြီး အတတ်နိုင်ဆုံး တရား ဘာဝနာအလုပ်တွေကို လုပ်သွား  မှာပါ။ မိဘတွေရဲ့ကျေးဇူးကိုဆပ် ချင်တာရော၊ သာသနာအတွက် လည်း ကျေးဇူးဆပ်ချင်လို့ပါ" ဟု ၎င်းက ပြောကြားသည်။ 

စည်သူဝင်းနှင့်အတူ အိစိ ကွေး၊ နေဘုန်းခ အပါအဝင် သူငယ်ချင်းများပါ ရဟန်းဘောင် ဝင်ကြသည်။ သရုပ်ဆောင်အိစိ ကွေးသည် ဝါတွင်းသုံးလလုံး ရဟန်းဘဝကိုခံယူကာ တရား အားထုတ်မည်ဟု သိရသည်။

                             







 KKYS






အခြားဆက်စပ်သတင်းများ