နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခြင်နှိမ်နင်းရေး လှုပ်ရှားမှုစတင်

ဂွါတီမာလာစီးတီး ဇူလိုင် ၂၂

ဂွါတီမာလာတွင် နိုင်ငံလုံးဆိုင်ရာ သွေးလွန်တုပ်ကွေးကူးစက်မှု အရေးပေါ် အခြေအနေကို ကြေညာပြီးနောက် ယင်းကူးစက်မှုများကို တုံ့ပြန်ရန် အာဏာပိုင်များက ခြင်နှိမ်နင်းရေး လုပ်ငန်းများကို  ပိုမိုလုပ်ဆောင် နေကြောင်း ဇူလိုင် ၂၁ ရက် အစိုးရ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။

ခြင်နှိမ်နင်းရေးအဖြစ် မီးခိုးမှုတ် လှုပ်ရှားမှုကို စတင်လုပ်ဆောင်နေပြီး(ပုံ) ၂၀၂၄ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အညွှန်းကိန်းသည် ၅ ဒသမ ၇ ဖြစ်လာခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း အမြင့်ဆုံးဖြစ်လာကြောင်း ဂွါတီမာလာ ကူးစက်ရောဂါနှင့်အန္တရာယ် စီမံခန့်ခွဲမှုဌာနမှ ဒေါက်တာ အဒ်ဂါစန် တို့စ်က ပြောသည်။

လက်တင် အမေရိကတွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားစေသော ခြင် မျိုးစိတ်များသည် အမေရိကတိုက်က ရောက်လာခြင်းဖြစ်ကြောင်း စန်တို့စ် က ပြောကြားထားပြီး   ယခုနှစ် ဇန်နဝါရီမှ  ဇူလိုင်လ တတိယပတ် အတွင်း  သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄၈,၀၀၀ ကျော် ရှိကြောင်း တရားဝင် ကိန်းဂဏန်းများတွင် ဖော်ပြ ထားသည်။ 









(ref: BBC)






အခြားဆက်စပ်သတင်းများ