နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Starlink ဂြိုဟ်တု အလုံး ၂၀ ကမ္ဘာမြေသို့ ကျရောက်

ကယ်လီဖိုးနီးယား ဇူလိုင် ၂၂

ပြီးခဲ့သည့် ရက်သတ္တပတ်က Space X ဒုံးပျံလွှတ်တင်ရာတွင် ပထမအဆင့်အောင်မြင်သွားပြီးနောက် ဒုတိယအဆင့်အတွက် ကြိုတင်လွှတ် တင်ခဲ့သည့် Starlink ၏ ဂြိုဟ်တု အလုံး ၂၀ သည် ကမ္ဘာမြေသို့ ပြန်လည် ကျရောက်လာကြောင်း သိပ္ပံပညာရှင် များက အတည်ပြုထားသည်။

ကယ်လီဖိုးနီးယား ဗန်ဒင်ဘာ့ဂ် အာကာသ စခန်းမှ Space X ၏ Falcon 9 ဒုံးပျံတစ်စင်းကို လွှတ်တင် လိုက်ပြီးနောက် ဒုံးပျံပထမအဆင့်သည် မျှော်မှန်းထားသည့်အတိုင်း အောင်မြင် သော်လည်း ကမ္ဘာဂြိုဟ်အနီး ပတ်လမ်း ကြောင်း အနိမ့်တစ်နေရာတွင် သောင် တင်ပြီး အရည်အောက်ဆီဂျင်ယိုစိမ့် ကာ ဒုတိယအဆင့်တွင် ပြဿနာကြုံ တွေ့ခြင်း ဖြစ်ကြောင်း သိရသည်။

 ဒုံးပျံတွင် ဝန်ထုပ်များကို ထက်ဝက် ခန့်အထိ  လျှော့ချခဲ့သော်လည်း ပတ်လမ်းကြောင်းတွင်  ဆက်လက် သောင်တင်နေပြီး  ဂြိုဟ်တုများသည် ဆက်လက်မတွန်းကန်နိုင်တော့ဘဲ ကမ္ဘာ့လေထုထဲသို့ ပြန်ရောက်လာခြင်း ဖြစ်ကြောင်း Space X တာဝန်ရှိ သူများက ဆိုသည်။ လက်ရှိတွင်  ယင်း ဖြစ်စဉ်ကို ပညာရှင်များက စစ်ဆေး နေပြီးစစ်ဆေးမှု ပြီးဆုံးသည့် အချိန် အထိ ဒုံးပျံများကို ထိန်းသိမ်းထားမည် ဖြစ်ကာ ဂြိုဟ်တုအများစုကို လေထု ထဲတွင်  ဖျက်ဆီးရန် အမိန့်ပေးထား ကြောင်း သိရသည်။             








(ref:CNA)






အခြားဆက်စပ်သတင်းများ