နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘင်္ဂလားဒေ့ရှ်သို့ ခရီးသွားလာခြင်းမပြုရန် စင်ကာပူ ညွှန်ကြား

စင်ကာပူ ဇူလိုင် ၂၂

ဘင်္ဂလားဒေ့ရှ်၌ဖြစ်ပေါ်နေသည့် ကျောင်းသားနှင့် အစိုးရအကြား ပြဿနာများသည် အဓိကရုဏ်းအသွင် ဆောင်လာသဖြင့်(ပုံ) စင်ကာပူနိုင်ငံ သားများအနေဖြင့် အရေးကြီးကိစ္စ မဟုတ်လျှင် ဘင်္ဂလားဒေ့ရှ်သို့ ခရီး မသွားရန်  စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် ဆန္ဒပြမှုများ ပြင်းထန်လာသဖြင့် တစ်နိုင်ငံလုံး ညမ ထွက်ရအမိန့်ကို ထုတ်ပြန်ထားပြီး အင်တာနက် ဝန်ဆောင်မှုများ၊ မိုဘိုင်းဒေတာ  ကွန်ရက်များနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများလည်း ပြတ်တောက် လျက်ရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသော စင်ကာပူနိုင်ငံသားများအနေဖြင့် အခြေအနေကို နိုးနိုးကြားကြားအကဲ ခတ်နေထိုင်ကြရန်နှင့် အိမ်အပြင် မထွက်ဘဲ  နေ့စဉ်သတင်းများကို စောင့်ကြည့်  နေထိုင်သင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက‌  သတိပေးချက် ထုတ်ပြန်ထားသည်။ 










(ref:CNA)






အခြားဆက်စပ်သတင်းများ