နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နော်ဝေ AI လုပ်ငန်း အမေရိကန် ဝယ်ယူ

ဝါရှင်တန် ဇူလိုင် ၂၂

 ဥရောပအကြီးဆုံး ပုဂ္ဂလိက AI လုပ်ငန်းဖြစ်သည့် နော်ဝေ၏ Silo AI လုပ်ငန်း(ပုံ)ကို အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီး AMD က ဝယ်ယူလိုက်ပြီး အမေရိကန်ဒေါ်လာ ၆၆၅ သန်း တန်ဖိုးရှိ သဘောတူညီ ချက်တစ်ရပ်ကို လက်မှတ်ရေးထိုး လိုက်ကြောင်း AMD ကုမ္ပဏီက ကြေညာသည်။

AMD ကုမ္ပဏီသည် ကွန်ပျူတာ ပရိုဆက်ဆာများ၊ ချစ်ပ်စ်များ၊ ဂရပ်ဖစ် ကတ်များနှင့် ဆီမီးကွန်ဒတ်တာ ပစ္စည်း များထုတ်လုပ်မှုနှင့်  နာမည်ကျော်ကြား သည့် အမေရိကန် နည်းပညာ ကုမ္ပဏီ ကြီးဖြစ်သည်။

AMD နှင့် Silo AI တို့ ပေါင်းစပ် မှုသည် ကမ္ဘာလုံးဆိုင်ရာ AI ဂေဟ စနစ်တွင် ခိုင်မာသော ပူးပေါင်းဆောင် ရွက်မှုဖြစ်ပြီး AI နည်းပညာ အသုံးပြု ၍ ခက်ခဲသော စိန်ခေါ်မှုများကို ဖြေရှင်း ပေးနိုင်မည့် စနစ်သစ်ဖော်ဆောင်မည် ဖြစ်ကြောင်း AMD က ဆိုသည်။

AMD ကုမ္ပဏီက ဝယ်ယူသွား သော်လည်း Silo AI ၏ အမှုဆောင် အရာရှိချုပ်နှင့် ပူးတွဲတည်ထောင်သူ ပီတာဆာလင်ကပင် အဖွဲ့ကိုဆက်လက် ဦးဆောင်သွားမည်ဖြစ်ကာ   AMD အကြီးတန်းဒုတိယဥက္ကဋ္ဌ ဗမ်ဆီဘော့ ပါနာထံ ဖွံ့ဖြိုးတိုးတက်မှုများကို အစီရင် ခံတင်ပြသွားမည်ဖြစ်ကြောင်း  သိရ သည်။

Silo AI သည် ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီးတွင် အခြေစိုက်သည့် AI လုပ်ငန်းဖြစ်ပြီး Allianz၊ Philips၊ Rolls-Royce နှင့် Unilever တို့ကဲ့သို့ ကမ္ဘာကျော် အမှတ်တံဆိပ်များနှင့် လက်တွဲထားကာ မတူညီသည့် စျေးကွက် များကိုလည်း ဖြန့်ကြက် လုပ်ဆောင် ထားကြောင်း သိရသည်။   







(ref:AFP)






အခြားဆက်စပ်သတင်းများ