နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး ဟောပြော

ပခုက္ကူ၊ ဇူလိုင် ၂၂

ပခုက္ကူမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများအား ယနေ့ နံနက် ၉ နာရီက ဝမ်းပျက်ဝမ်းလျှော‌ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးဟောပြောသည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးမှူး ဒေါ်မြမြသက် ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ပခုက္ကူမြို့ ရေဘေးရှောင်ကူညီကယ်ဆယ်ရေးစခန်း များရှိ ရေဘေးရှောင်ပြည်သူများထံ ကွင်းဆင်း၍ ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု အခြေအနေများ၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပုံအဆင့်ဆင့်၊ ရောဂါကြိုတင် ကာကွယ်နိုင်သည့် နည်းလမ်းများ၊ ရောဂါဖြစ်ပွားပါက လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း အသိပညာပေးရှင်းလင်း ဟောပြောကြပြီး အားဖြည့်အစားအစာများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုနှင့်အတူ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိလူနေအိမ်များအတွင်း မြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးရှောင်စခန်း ၂၈ ခု ဖွင့်လှစ်ထားကာ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများအလိုက် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ထမင်း၊ အားဖြည့်အချိုရည်၊ သောက်သုံးရေသန့်နှင့်  ဆေးဝါးပစ္စည်းများ ထောက်ပံ့ခြင်းများ ဆောင်ရွက်ကြသည်။                                               

   








ဆလိုင်းကိုကီး(CN-034)






အခြားဆက်စပ်သတင်းများ