နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်ရေကြီးမြင့်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ပစ္စည်းများ ထောက်ပံ့

သာပေါင်း၊ ဇူလိုင် ၂၂

သာပေါင်းမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့က မြစ်ရေကြီးမြင့်လာမှုကြောင့် ရေဘေးသင့်ပြည်သူများကို ယမန်နေ့၊ မွန်းလွဲ  ၂ နာရီခွဲက  ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများ၌ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ရိက္ခာပစ္စည်းများ ထောက်ပံ့ ပေးအပ်သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က ငဝန်မြစ်ရေ ကြီးမြင့်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ရွှေ့ပြောင်းထား ရှိရာ ယာယီရေဘေးရှောင် ကယ်ဆယ်စခန်းများဖြစ်သည့် အမှတ် (၃) ရပ်ကွက်၊  ဝိသုဒ္ဒါရာမမြို့မမင်းကျောင်းတွင် ရွှေ့ပြောင်းထားသည့် အိမ်ထောင်စု လေးစု၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကျိန္တလီကျေးရွာ၊ လူထုဗဟိုပြု ခန်းမတွင် ရွှေ့ပြောင်းထားသည့် အိမ်ထောင်စု ရှစ်စု၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ရွှေ့ပြောင်းထားသည့် အိမ်ထောင်စု လေးစု စုစုပေါင်း အိမ်ထောင်စု ၁၆ စုတို့ကို အားပေးစကားပြောကြားပြီး ဆန်၊ ဆီနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးကြသည်။                  









မျိုးဇော်သိန်း(သာပေါင်း ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ