နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွင့်ဖြူမြို့နယ်၌ ရေဘေးသင့်ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန် ထောက်ပံ့

ပွင့်ဖြူ    ဇူလိုင်   ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် နန်းတော်ကျွန်း ကျေးရွာမှ အိမ်ထောင်စု ၇၅ စုအတွက် တစ်အိမ်ထောင်လျှင် ကြက်ဥ ၁၀ လုံးစီ ဇူလိုင် ၂၁ ရက် ၊နံနက်ပိုင်းက အဆိုပါ ကျေးရွာရှိ အလှူရှင် ချစ်သဲဦးမိသားစုက လှူဒါန်းသည်။(ပုံ)

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ နန်းတော်ကျွန်းကျေးရွာ အပါအဝင် ထူးကျေးရွာ၊ ငှက်တောကုန်းကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာ၊ ငါးခြောက်ကျွန်း(ရေလယ်ကျွန်း)ကျေးရွာ၊ ရေချမ်းစင်ကျေးရွာ၊ မြင်းခြံစုကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာ၊ ဇီးကျွန်းကျေးရွာ၊ ရှားတောကျေးရွာ၊ ပေါက်ကုန်းကျေးရွာ၊ ပေါက်ကုန်းရွာ သစ်ကျေးရွာ၊ ကြည်ကုန်းကျေးရွာ၊ မှရိုးကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ဆည်မုန်းကျေးရွာ၊ သံကိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ကူကြီးကျေးရွာစသည့် ကျေးရွာများတွင် မြစ်ရေဝင်ရောက်မှုများရှိခဲ့ပြီး ယင်းကျေးရွာများရှိရေဘေးသင့်ပြည်သူများ နေထိုင်စားသောက်ရေး အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာအလှူရှင်များနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့က သောက်ရေသန့်များ၊ ဓာတ်ဆား ထုပ်များ၊ ကြက်ဥများ၊ ငရုတ်ကြော်၊ ငါးပိကြော်များသွားရောက် ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။              








လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)






အခြားဆက်စပ်သတင်းများ