နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချစ်ခြင်းမေတ္တာတရားနှင့် လွှမ်းခြုံ

မွေးစမှ အသက် ၁၈ နှစ် မပြည့်သေးသူများကို UN-HCR သတ်မှတ်ချက်အရ ကလေးဟု သတ်မှတ်ထားသည်။ ကလေး များဘဝ ကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးဖို့ ပံ့ပိုးပေးရန် လူတိုင်း တွင် တာဝန်ရှိသည်။ ကလေးများသည် အနာဂတ်ခေါင်းဆောင် များဖြစ်ကြပြီး ကောင်းမွန်စွာ ပြုစုပျိုးထောင်ခြင်းသည် အနာဂတ် ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးရာရောက်သည်။

မိဘများသည် ယင်းတို့ ပင်ပန်းနေချိန် (သို့မဟုတ်) စိတ်ဖိစီးမှု ရှိနေချိန်တွင် ကလေးများကိုဆုံးမရန် နည်းလမ်းတစ်ခုအနေဖြင့် ကလေးများကို ရိုက်နှက်ဆုံးမခြင်း၊ အရှက်ရစေခြင်းတို့ကို ပြုလုပ် လေ့ရှိသည်။ အရှက်ရအောင် ပြုမူခြင်းနှင့် ကြမ်းတမ်းသည့်နည်းလမ်း များသည် ကလေးအား ရုပ်ပိုင်းဆိုင်ရာထိခိုက်ခြင်း၊ ယုံကြည်မှု လျော့ကျစေခြင်း၊ ကြောက်စိတ်ဝင်စေခြင်း၊ စိတ်ဓာတ်ကျစေခြင်း၊ ရန်လိုစေခြင်း၊ ဒေါသနှင့် ဝမ်းနည်းသိမ်ငယ်စေခြင်း၊ မိဘနှင့် ကလေး ဆက်ဆံရေး ပျက်စေခြင်းတို့ ဖြစ်ပေါ်စေသည်။ ကလေးအား ရိုက်နှက်ခြင်းနှင့် အရှက်ရစေရန် အပြစ်ပေးခြင်းဖြင့် မသွန်သင် နိုင်ပေ။ 

စည်းကမ်းဆိုသည်မှာ သင်ကြားလမ်းညွှန်ခြင်းကို ဆိုလိုသည်။ အပြုသဘောဆောင်သော သင်ကြားလမ်းညွှန်ခြင်းဆိုသည်မှာ ကလေးများအား လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကို ဖန်တီးပေး ခြင်း၊ အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ခြင်းနှင့် ကလေး တို့၏ သင်ယူမှုများတွင် ပါဝင်ခွင့်ပေးခြင်းဖြစ်သည်။ ကလေးများ၏ အမူ အကျင့်များကို လမ်းညွှန်ပေးသည့် ချဉ်းကပ်မှုတစ်ခုလည်း  ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်များ၏ လွတ်လွတ်လပ်လပ် နေချင်သည့် သူတို့၏ဆန္ဒများကိုလေးစားပြီး မိဘတို့၏ယုံကြည်မှု ကို ပြသသင့်သည်။

သားသမီးများအနေဖြင့် ကောင်းစွာပြုမူနေထိုင်ခြင်းဖြင့် မိဘ များ၏ဂုဏ်ကို တိုးပွားစေသည်။ ရာထူးဂုဏ်၊ အကျင့်စာရိတ္တဂုဏ်၊ စည်းစိမ်ဂုဏ်တို့ ပြည့်ဝသော သားကောင်း၊ သမီးမွန်များဖြစ် ရေးဟူသည့် မိဘများ၏ မျှော်လင့်ချက်ကို  သား၊ သမီးများက ဖြည့်ဆည်းကြရမည်။

လောကတွင် သားသမီး သုံးမျိုးရှိကြောင်း ပုတ္တဒါရဿင်္ဂဟ မင်္ဂလာ၌ ဖော်ညွှန်းထားသည်။ မိဘထက် သီလ၊ သမာဓိ၊ အကျင့် သာလွန်သူကို အတိဇာတ သားသမီးဟုခေါ်သည်။ မိဘနှင့်သီလ၊ သမာဓိ၊ ပညာတူသော သူကို အနုဇာတ၊ သား၊ သမီးဟု ဆိုသည်။ မိဘအောက်၊ သီလ၊ သမာဓိ၊ အကျင့်ညံ့ဖျင်းသူများကို အဝဇာတ သား၊ သမီးဟုခေါ်သည်။ မိဘများသည် သား၊ သမီးများကို ချစ်ခြင်းမေတ္တာဖြင့် နွေးထွေးစွာ လွှမ်းခြုံသင့်သည်။ ရိုးရှင်းသော စည်းကမ်းချက်နှင့် လိုက်နာနိုင်သော ကန့်သတ်ချက်တို့ကို  သား၊ သမီး များအပေါ်တွင် တစ်သမတ်တည်း ထားရှိသင့်သည်။ သားကောင်း သမီးမွန်များဖြစ်ရေးဟူသည့်  မိဘများ၏   မျှော်လင့်ချက်ကို သားသမီးများကလည်း ကျင့်သုံး၊ လိုက်နာဆောင်ရွက်ရေးသည် အဓိကကျသည်ဟု ဆိုချင်ပါကြောင်း။      






အခြားဆက်စပ်သတင်းများ